တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့နယ်ရှိ လူဦးရေ မြေပြင်ကွင်းဆင်း စာရင်းကောက်အဖွဲ့များ စာရင်းကောက်နေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့နယ်ရှိ လူဦးရေ မြေပြင်ကွင်းဆင်း စာရင်းကောက်အဖွဲ့များ စာရင်းကောက်နေမှုအား ကြည့်ရှုအားပေး





MNP -   ဇန်နဝါရီ   ၉

တနင်္သာရီတိုင်းဒေသကြီး လူဦးရေမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြိတ်မြို့တွင် အိမ်ထောင်စု လူဦးရေ စာရင်းများကို မြေပြင်ကွင်းဆင်း  ကောက်ယူရေးအဖွဲ့များ စာရင်းကောက်ယူဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။


မြိတ်မြို့နယ်အနေဖြင့် အိမ်ထောင်စု လူဦးရေစာရင်း (၂)သိန်း(၆)သောင်းကျော်ရှိပြီး ရပ်ကွက်/ ကျေးရွာ အုပ်စု(၃၄)ခုတွင် စာရင်းကောက်အဖွဲ့(၁၈၉)ဖွဲ့မှ ပုံစံ(၆၆)နှင့် မြေပြင်ရှိလူဦးရေစာရင်းများကို ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူ ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ဖျားရပ်ကွက်တွင် စာရင်းကောက်အဖွဲ့မှ စာရင်းကောက်ယူဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ဝန်ကြီးချုပ် ဦးမြတ်ကိုက မြိတ်မြို့နယ်ရှိ မြေပြင် စာရင်းကောက် (၉၄၅)ဦးအတွက် နေ့တွက်စရိတ် (၆၂၄)သိန်း ထောက်ပံ့ပေးအပ်ရာ မြို့နယ် လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ဦးဝင်းဆွေက လက်ခံရယူသည်။ ထိုနောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက စာရင်းကောက်များအား နေ့တွက်စရိတ်ထောက်ပံ့ငွေများကို တစ်ဦးချင်း ပေးအပ်ခဲ့ကြသည်။


လူဦးရေစာရင်းမြေပြင် ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ် ဆေးခြင်းကို စာရင်းကောက်အဖွဲ့များမှ စနစ်တကျ တစ်အိမ်တက်ဆင်းစာရင်း ကောက်ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာ၊ မြို့နယ် လူဦးရေ စာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြသည်။


အလားတူ တိုင်းဒေသကြီး လူဦးရေမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများသည် ကျွန်းစု မြို့နယ်တွင် အိမ်ထောင်စု လူဦးရေ စာရင်းများကို မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့များ စာရင်းကောက်ယူဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ကျွန်းစုမြို့နယ်စာရင်းကောက်များအတွက် ထောက်ပံ့သည့် နေ့တွက်စရိတ်များကို တာဝန်ရှိသူများအားပေးအပ်ခဲ့ကာ မြို့နယ်ကြီးကြပ်မှုကော်မတီဝင်များနှင့်  မြေပြင် ကွင်းဆင်း  ကောက်ယူရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ခိုင်ထူး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)