မာန်အောင်မြို့ အထက(ခွဲ)စျေးတန်း၌ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ အထက(ခွဲ)စျေးတန်း၌ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာရေးစုံညီပွဲတော်ကျင်းပ






MNP  -  ဇန်နဝါရီ ၄

ရခိုင်ပြည်နယ် မာန်အောင်မြို့ အခြေခံပညအထက်တန်းကျောင်း(ခွဲ)စျေးတန်း၌ပညာရည်ချွန်ဆုပေးပွဲနှင့်ပညာရေးစုံညီပွဲတော်ကို ယနေ့ညနေ၆နာရီက ကျင်းပခဲ့သည်။


    ရှေ့ဦးစွာအ-ထ-က(ခွဲ)စျေးတန်းကျောင်းအုပ် ဆရာကြီးဦးမြင့်လွင်က၂၀၂၂-၂၀၂၃ ခုနှစ်၊ပညာသင်နှစ်တွင်ပညာရေးဆောင်ရွက်ချက်များအားရှင်းလင်းပြောကြားသည်။


ထို့နောက် ပညာရည်ထူးချွန်ဆုများချီးမြှင့်ပေးအပ်ရာ၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့သူကျောင်းသား/သူများ၊ဘာသာရပ်အလိုက်ဂုဏ်ထူးရရှိအောင်သင်ကြားပြပေးသောဆရာ/ဆရာများ၊နိုင်ငံတော်အထိမ်းအမှတ်နေ့ရက်များတွင်စာစီစာကုံးပြိုင်ပွဲမြို့နယ်အဆင့်၊ခရိုင်အဆင့်၊ပြည်နယ်အဆင့်များတွင်ဆုရရှိသူကျောင်းသား/သူများအားကျောင်းအုပ် ဆရာကြီးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီမြှင့်ခဲ့ကြသည်။


    ထို့နောက်ပညာရေးစုံညီပွဲတော်ကို ဆက်လက်ကျင်းပရာကျောင်းသား၊ကျောင်းသူများကအကပဒေသာများဖြင့်ကပြ​ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)