ပရီးမီးယားလိပ်ပွဲစဉ် ၁၉ အင်္ဂါနေ့ ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိပ်ပွဲစဉ် ၁၉ အင်္ဂါနေ့ ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်




MNP - ဒီဇင်ဘာ ၃၀


ပရီးမီးယားလိပ်ပွဲစဉ်ပွဲစဉ် ၁၉ အဖြစ် အင်္ဂါနေ့(ယနေ့) မြန်မာစံတော်ချိန် ည  ၂:၁၅ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ယနေ့ညမှာတော့ ပရီးမီးယားလိပ်ပွဲစဉ် ၄ ပွဲယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပါတယ်။


မန်ယူ - ဘုန်းမောက်လ် (ယနေ့ည ၂:၃၀)

မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ဘုန်းမောက်လ် အသင်းတို့ဟာ ယူနိုက်တက်အိမ်ကွင်း အိုးစရက်ဖို့စ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘုန်းမောက်လ်အသင်း အတော်လေး ရုန်းကန်နေရပြီး မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်ရှိမှာ ခြေစွမ်းကောင်းနေတာ ဖြစ်ပါတယ်။ဒီနေပွဲစဉ်မှာတော့ အိမ်ရှင် သရဲနီ တို့ကဘဲ ဂိုးပြတ်အနိုင်ယူသွားပါလိမ့်မယ်။


အဲဗာတန် - ဘရိုက်တန် (ယနေ့ည ၂:၁၅)

အဲဗာတန် အသင်းနှင့် ဘရိုက်တန် အသင်းတို့ဟာ အဲဗာတန်အိမ်ကွင်း ဂွတ်ဒီဆင်ပေါတ့် မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ မန်တီးစီးအသင်းကို သရေကစားထားတာ မှန်ပေမယ့် ခြေစွမ်းတည်ငြိမ်လေ့မရှိတာ ဖြစ်ပြီး ဘရိုက်တန်အသင်း ကတော့ ဟန်ချက်ညီညီ နဲ့ ကစားအားကောင်းတဲ့အသင်းလည်း ဖြစ်တာကြောင့် ဧည့်သည်ဇင်ယော်တို့ ဂိုးကွာဟချက်နည်းနည်း ဖြင့် အနိုင်ရသွားမှာပါ။


လက်စတာ - ဖူဟမ်  (ယနေ့ည ၂:၁၅)

လက်စတာအသင်းနှင့် ဖူဟမ်အသင်းတို့ဟာ လက်စတာ အိမ်ကွင်း ကင်းန်ပါဝါမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နှစ်သင်းစလုံးဟာ ခြေစွမ်းပိုင် အသင့်အတင့်ကောင်းမွန်တဲ့ အသင်းတွေဖြစ်ကြပြီး ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ သရေရလဒ်သာ ထွက်ပေါ်လာနိုင်ပါတယ်။


အာဆင်နယ် - နယူကားဆယ် (ယနေ့ည ၂:၁၅)

အာဆင်နယ်အသင်းနှင့် နယူးကာဆယ်အသင်း အာဆင်နယ်အိမ်ကွင်း အမ်းမရိတ် မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နယူးကာဆယ်အသင်းဟာ လက်ရှိမှာ ကစားခက်တာ မှန်ပေမယ့် အာဆင်နယ်အသင်းဟာ လက်ရှိရာသီ အိမ်ကွင်းအမ်းမရိတ်မှာ ကစားတဲ့ ပွဲတိုင်း အနိုင်ကန်ထားတာဖြစ်ပြီး ကစားပုံဟာလည်း အတော်လေးကောင်းမှန်ဖြစ်ပါတယ်။ဒီနေ့ညပွဲ ပွဲစဉ်မှာတော့ ဂန်းနားတို့ကဘဲ ၂-၀ သို့မဟုတ် ၃-၁ ဖြင့် အနိုင်ရသွားမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်ရပါတယ်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)