MNP - ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ပြည်သူ့အားကစားကွင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းအချိန်တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲနှင့် သင်ထောက်ကူပြုလုပ်နည်းပြိုင်ပွဲများ၊ ဖူဆယ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ မီနီမာရသွန် အပြေးပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
မော်လိုက်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ(၂၇)ရက်နေ့မှ စတင်၍ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း တွင်ကျင်းပပြုလုပ်ခဲ့ပြီး၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ပျော်ပွဲရွှင်ပွဲများအနေဖြင့် ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ များ၊ ချောတိုင်တက်၊ လွန်ဆွဲ၊ ခေါင်းအုံးရိုက်နှင့် အခြားပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment