သမိုင်းဝင် ဆံတော်လေးစေတီမြတ်ကြီး အသစ်တစ်ဖန် ပြန်လည်တည်ထားခြင်း အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမိုင်းဝင် ဆံတော်လေးစေတီမြတ်ကြီး အသစ်တစ်ဖန် ပြန်လည်တည်ထားခြင်း အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနား ကျင်းပ




MNP  -   ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရှမ်းစုကြီးကျေးရွာအုပ်စု၊ ငါးခုမ်းမစမ်းကျေးရွာ ဆံတော်လေးကျောင်းတိုက်အတွင်း ရှေးနှစ်ပေါင်းများစွာကတည်းက တည်ထားကိုးကွယ်ခဲ့သော ဆံတော်လေးစေတီတော်မြတ်ကြီး ယိုယွင်းပျက်စီးနေသဖြင့် ၁၃၈၄ ခုနှစ် ပြာသိုလဆန်း (၁၁)ရက်နေ့ ယနေ့နံနက်၇နာရီ ၂၉ မိနစ်က အဆိုပါ ဆံတော်လေးကျောင်းတိုက်ရှိ စေတီတော်မြတ်ကြီးတွင် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။


ဆံတော်လေးစေတီတော်မြတ်ကြီးသည် ရှေးနှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့ရာ ယခုအခါတွင် ယိုယွင်းပျက်စီးနေသဖြင့် သြဝါဒစရိယဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ နာယကများ၏ လမ်းညွန်မှုဖြင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်မြို့၏ ခွင့်ပြုချက်ဖြင့် ပြန်လည်တည်ထားခြင်းဖြစ်ပြီး ၁၃၈၄ ခုနှစ် ပြာသိုလပြည့်နေ့တွင် ပန္နက်တော်တင်ခဲ့ကာ ပြာသိုလဆန်း(၁၁)ရက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အလှူရှင်အပေါင်းက နေ့နံထောင့်(၈)နေရာ၌ ရတနာအုတ်မြစ်တော်စီမင်္ဂလာ ကျင်းပခဲ့ကြောင်း သိရသည်။


အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားတွင် ဆံတော်လေးစေတီတော်မြတ်ကြီး၏ သြဝါဒစရိယ လောကမှန်ကူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မရက္ခိတ၏ သြဝါဒခံယူပြီး ဆံတော်လေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကဝိန္ဒစာရက ဦးဆောင်၍ မင်္ဂလာအချိန်အခါတွင် “ဥုံ ဇယန်တော ဗောဓိယာ မူလေ သက်ကျာနံ နန်ဒိဝတ်ဒနော” ကထာကို ရွတ်ဆိုကာ ရတနာ အုတ်မြစ်တော်များစီကြကြောင်း၊ အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားသို့ လာရောက်ကြသူများအား အလှူရှင်များက မုန့်ဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)