အမ်းမြို့နယ် တပ်တောင်မြို့ အမှတ် (၃)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် တပ်တောင်မြို့ အမှတ် (၃)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား




MNP  -   ဇန်နဝါရီ ၂၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တပ်တောင်မြို့အမှတ်(၃)ရပ်ကွက် ကမ်းနားလမ်းရှိ ဦးကျန်သိန်းနေအိမ်တွင် ဖုန်းဘထ္တရီအားဖြည့် ရာမှ အပူလွန်ကဲပြီး ယမန်နေ့ ညနေ ၄ နာရီအချိန်က မီးလောင်မူ ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။


 ဖြစ်စဉ်မှာ ဦးကျန်သိန်းနေအိမ်မှ ဖုန်းဘထ္တရီအားဖြည့်ရာမှအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်း

ရာမှ ၎င်းနေအိမ်အပါအဝင် အိမ်ချင်းနီးကပ်လျက်ရှိသေနေအိမ်(၄)လုံမီးလောင်မူဖြစ်ပွားခဲ့ရာ မီးလောင်ကျွမ်းနေသော နေအိမ်များအား တပ်တောင်နယ်မြေမီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲဇွဲဖြိုး ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင် ၆ ဦးနှင့်

မီးငြိမ်းသတ်ယာဉ်(၁)စီး၊ တပ်တောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်းနှင့် ဝန် ထမ်း ၄ ဦး၊ တပ်တောင်နယ်မြေရဲစခန်းမှူး ဒုရဲမှူး မျိုးမင်းထွန်း ဦးစီး၍ ရဲတပ်ဖွဲ့ဝင် ၆ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက  မီးငြိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၁၅ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြိို့အုပ်ချုပ်ရေးမှူးထံမှသိရသည်။


 အဆိုပါ မီးလောင်မှု၌ ဦးကျော်ထွန်းလှိုင် နေအိမ် ဓနိမိုး/ဝါးထ ရံကာ/ပျဉ်ခင်း/သုံးပင် သုံးတန်း ကာလ တန်ဖိုး (၁၅၀၀၀၀)၊ ဦးကျန်သိန်း နေအိမ် သွပ်မိုး/ပျဥ်ကာ/ပျဉ်ခင်း/သုံးပင် သုံးတန်း ကာလတန်ဖိုး (၂၀၀၀၀၀)၊ ဦးငလုံးချေ နေအိမ် ဓနိမိုး/ဝါးထရံကာ/ပျဉ်ခင်း/သုံးပင် သုံးတန်း

အိမ်(၂)လုံး ကာလ တန်ဖိုး(၃၀၀၀၀၀)၊ စုစုပေါင်းနေအိမ် (၄)လုံး၏ ကာလတန် ဖိုး ကျပ်(၆၅၀၀၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။


 အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပါတ်သတ် ၍ လျှပ်စစ်မီးအား မဆင်မခြင်ပေါ့လျော့စွာသုံးစွဲသူ ဦးကျန်သိန်း အား ဥပဒေအရအရေးယူပေးပါရန်တပ်တောင်မြို့ နယ်မြေခံမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲဇွဲဖြိုးက တရားလိုပြုလုပ်တိုင်တန်းခဲ့၍တပ်တောင်နယ်မြေရဲစခန်းမှ ရာဇသတ် ကြီးပုဒ်မ (၂၈၅) အရ အမှုအရေးဖွင့်ထားရှိကြောင်းသိရှိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)