MNP - ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးအဖွဲ့၏ အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူခြင်းကို ယမန်နေ့က ကသာမြို့ အကျဉ်းဦးစီးဌာနတွင် စမ်းသပ်ကောက်ယူခဲ့ကြောင်း သိရသည်။
ကသာမြို့ အကျဉ်းဦးစီးဌာနတွင်ရှိသော ဝန်ထမ်းများ၏ အိမ်ထောင်စုနှင့် လူဦးရေစာရင်းကို ကသာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းများက သွားရောက်ကောက်ယူခဲ့ကြရာ အိမ်ထောင်စု (၅၀)စုအတွက် ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို Pilot Project အနေဖြင့် ကသာမြို့နယ်တွင် ဇန်နဝါရီလ ၉ ရက်နေ့မှစ၍ ဆောင်ရွက်လျှက်ရှိပြီး မြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)အုပ်စုရှိ အိမ်ထောင်စုများနှင့် လူဦးရေစာရင်းများကို စာရင်းကောက်အဖွဲ့ (၁၇) ဖွဲ့ခွဲ၍ ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးအောင်ဇော်ထံမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment