ရသေ့တောင်မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အား ကစားပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အား ကစားပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ






MNP - ဇန်နဝါရီ  ၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရ‌သေ့တောင်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဇန်နဝါ ရီလ ၄ ရက်နေ့တွင်ကျရောက်သော (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ထိမ်းအမှတ် ဖူဆယ်ဘောလုံးဘောလုံးပြိုင် ပွဲနှင့်အားကစားပြိုင်ပွဲများတွင် ဆုရရှိသောအားကစားသမားများအား ဆုပေးပွဲအခမ်း အနားကို ယနေ့ ညနေ ၅ နာရီအချိန်တွင် မြို့မအားကစားကွင်း ၌ ကျင်းပခဲ့သည်။


အဆိုပါအားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်း အနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က အမှာစကားပြောကြားရာတွင်ပြိုင်ပွဲဝင် လူငယ်အားကစားသမားများ အချင်းချင်း ချစ်ခင်ရင်းနှီးကြစေရန်၊ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲ များကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။


 အခမ်းအနားတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် နေမျိုးလင်း အသင်းနှင့်ဒုတိယဆုရရှိသည်ICအသင်းအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်းလင်းထက်ကဆုချီးမြှင့်ပြီ၊ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်ပထမဆုရရှိသည့် Star Club အသင်းနှင့်ဒုတိယဆုရရှိသည် တပ်မ၂၂ အသင်းတို့အားရဲမှူးသက်နိုင်ဦးနှင့်ဌာနဆိုင်ရာအကြီးကဲများကဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)