MNP - ဇန်နဝါရီ ၂
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ အားကစားခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံနှင့် ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းမှ အဖွင့်အမှာစကားပြောကြားရာ လူငယ်မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းအခြင်းခြင်း ချစ်ခင်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် အားကစားကို ချစ်မြတ်နိုး၍ ပိုက်ကျော်ခြင်း စည်းကမ်းချက်များနှင့်အညီ ယှဉ်ပြိုင်ကစားကြရန် ရှင်းလင်းပြောကြားပြီး အားကစားသမားများက အားကစား သစ္စာအဓိဌာန်ရွတ်ဆိုကြသည်။
ထို့နောက် အားကစားဒိုင်တစ်ဦးမှ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြေားကြားကာ ပြိုင်ပွဲကိုစတင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲမှ ဆုရရှိသည့် အသင်းများကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အောင်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment