ရ‌သေ့တောင်မြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းလူဦးရေစာရင်းကောက်ယူမှုလုပ်ငန်းများ စတင်ကွင်းဆင်းဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရ‌သေ့တောင်မြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းလူဦးရေစာရင်းကောက်ယူမှုလုပ်ငန်းများ စတင်ကွင်းဆင်းဆောင်ရွက်လျက်ရှိ




MNP -   ဇန်နဝါရီ  ၉

    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ၂၀၂၃  ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန်လျာတားသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ရပ်ကွက်/ ကျေးရွာအုပ်စုများတွင်  အိမ်ထောင်စုရှိလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများတိကျမှန်ကန်မှုစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့ နံနက်၁၀ နာရီအချိန်က စတင်ဆောင်ရွက်လျက်ရှိသည်။


     ထိုသို့ကွင်းဆင်းကောက်ခံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အဖွဲ့များခွဲကာ မြို့ပေါ်(၄)ရပ်ကွက်များရှိ အခြေခံလူ ဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက် ခဲ့ကြကြောင်းသိရှိရသည်။ 


ထွန်းလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)