အမ်းမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အား ကစားပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အား ကစားပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ






MNP - ဇန်နဝါရီ  ၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဇန်နဝါ ရီလ ၄ ရက်နေ့တွင်ကျရောက်သော (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ထိမ်းအမှတ် U-21 နှစ်အောက်ဘောလုံးပြိုင် ပွဲနှင့်အားကစားပြိုင်ပွဲများတွင် ဆုရရှိသောအားကစားသမားများအား ဆုပေးပွဲအခမ်း အနားကို ယနေ့ နံနက် ၈ နာရီအချိန်တွင် မြို့မအားကစားကွင်း ၌ ကျင်းပခဲ့သည်။


 အခမ်းအနားတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် U-21 နှစ်အောက် ခရိုင်အုပ်ချုပ်ရေးမှူး ဖလားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် လေယာဥ်ကွင်းရပ်ကွက်အသင်းအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ် ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့် ဒုတိယဆုရရှိသည့် အမ်းတောင်အုပ်စု(က)အ သင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင် ကလည်း ကောင်း၊ တတိယဆုရရှိသည့် လုံးကောက် အုပ်စု အသင်းအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး စိုးမြင့် ကလည်းကောင်း၊

အသန့်ရှင်းဆုံးဆုအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ဦး၊ ဂိုးသ မားအကောင်းဆုံးဆုအား ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်မောင်ဝင်း တို့က အသီးသီးဆုများကိုချီးမြှင့်ပေးခဲ့ကြသည်။


 ထို့နောက် ရှေ့တန်းအကောင်းဆုံးဆု၊ နောက်တန်း အ ကောင်းဆုံးဆု၊ အ လယ်တန်းအကောင်းဆုံးဆု၊ ပွဲစဥ်တစ်လျောက်အကောင်းဆုံးဆု၊ မီနီမာရသွန်ပြိုင်ပွဲတွင်ဆုရရှိသူ များ၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကျော်ဝေ၊ မြို့မိမြို့ဖ (စီးပွားရေးလုပ်ငန်းရှင်)တို့က အသီးသီးဆုများကိုချီးမြှင့်ပေးခဲ့ကြသည်။


 ဆက်လက်၍ ချောတိုင်တက်ပြိုင်ပွဲ၊ မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ ခြေပူးအပြေးပြိုင်ပွဲ၊ ဂုံနီအိပ်စွပ် အပြေးပြိုင်ပွဲ၊ အပ် ခြည်ထိုးပြိုင်ပွဲ၊ ကွမ်း သီးကောက်၊ မုန့်စား၊ သံဗုန်းရိုက်၊ ဘောလုံးဂိုးသွင်းပြိုင်ပွဲ၊(ကျား/မ)လွန်ဆွဲပြိုင်ပွဲ၊ခေါင်းအုံးရိုက်ပြိုင်ပွဲ စသည့် အားကစားနည်းပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)