ဖား​ဆောင်းမြို့နယ်၌ ဆီထွက်သီးနှံ ​ဆောင်း​​နေကြာ(​ရေဆင်း-၁)စံပြစိုက်ခင်းများ ​အောင်မြင် ဖြစ်ထွန်း​နေမှုအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖား​ဆောင်းမြို့နယ်၌ ဆီထွက်သီးနှံ ​ဆောင်း​​နေကြာ(​ရေဆင်း-၁)စံပြစိုက်ခင်းများ ​အောင်မြင် ဖြစ်ထွန်း​နေမှုအား ကွင်းဆင်းကြည့်ရှု




MNP  -   ဇန်နဝါရီ  ၁၅

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ ​ဆောင်းနေကြာ(​ရေဆင်း-၁)စိုက်ပျိုးထားရှိမှုနှင့်​အောင်မြင်ဖြစ်ထွန်း​နေမှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များကယမန်​နေ့က ပါပုကျေးရွာ​နေ ​တောင်သူ ဦးပြည့်စုံ၏ ယာ​မြေ​နေရာ၌ စိုက်ပျိုးထား​သော ​ဆောင်းနေကြာ(​ရေဆင်း-၁) စံပြ စိုက်ခင်း ၃ ဧက ​နေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့​ကြောင်း သိရသည်။


ကွင်းဆင်း​ဆောင်ရွက်ရာတွင် စံပြစိုက်ခင်းများ စတင်စိုက်ပျိုးထားရှိမှုနှင့် ​အောင်မြင်ဖြစ်ထွန်း​နေမှုအ​ခြေအ​နေများကို မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး​ဇော်မင်းထွန်းက ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးက ​ဒေသတွင်းစားသုံးဆီ ဖူလုံမှု​စေ​ရေးအတွက် ဆီထွက်သီးနှံ​​ဆောင်းနေကြာ (​ရေဆင်း-၁)နှင့် ​ဆောင်းနေကြာကို ပိုမိုစိုက်ပျိုးနိုင်​ရေးပညာ​ပေးစည်းရုံးခြင်း၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်​ရေးနှင့်သီးညှပ်စိုက်ပျိုးခြင်းများ စည်းရုံး​ဆောင်ရွက်ကြရန် မှာကြားခဲ့​ကြောင်းသိရသည်။


 မြို့နယ်အတွင်း ​​ဆောင်းနေကြာ စိုက်ပျိုးရန် လျာထားဧကမှာ (၁၄၅)ဧက ရှိရာ​ဆောင်း​​နေကြာ (၃)ဧက စိုက်ပျိုးထာပြီး ​စိုက်ပျိုးရန်အတွက် လိုအပ်​သောမျိုး​ကောင်း၊မျိုးသန့်များရရှိနိုင်​ရေး၊ သိပ္ပံနည်းကျစိုက်ပျိုး​ရေး၊ အပင်ပြုစု​စောင့်​ရှောက်​ရေး နည်းစနစ်များ၊ပိုးမွှား​ရောဂါ​ကြိုတင်ကာကွယ်​ရေး နည်းလမ်းများနှင့် ရိတ်သိမ်းချိန် လွန်နည်းပညာများကို ​တောင်သူများအချိန်မီ သိရှိ နိုင်​စေရန်အတွက် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၊ပံ့ပိုးကူညီ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်းနှင့် မျိုး​ကောင်းမျိုးသန့်ရရှိ​ရေး၊ သီးနှံအထွက်နှုန်းတိုး​စေ​ရေး၊ပိုးမွှားအန္တရာယ် ကာကွယ်​ရေးတို့အတွက် ​မြေသြဇာများကိုလည်း ဖြန့်​ဝေ​ပေးလျက်ရှိကြောင်းသိရသည်။


နန်းသဲနု​အောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)