MNP - ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ရုံးကြီးလမ်းရှိ ဆုတောင်းပြည့်စေတီတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းကာ ယနေ့နံနက် ၇ နာရီအချိန်က စေတီတော်အား ထုံးသင်္ကန်းကပ်လှူရောင်တော်ဖွင့်ခြင်း၊ ပန်းရေချမ်းဆီးမီးများဆက်ကပ်ခြင်းနှင့် စေတီတော်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းဆောင်ရွက်ရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များတို့၏ ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ စုပေါင်းကာ စေတီတော်များအား အမှိုက်သရိုက်များရှင်းလင်းပြီး ထုံးသင်္ကန်းကပ်လှူ ရောင်တော်ဖွင့်ခြင်း၊ ပန်းရေချမ်းဆီမီးများ ဆက်ကပ်ခြင်း၊ ၀န်းကျင်စိမ်းလမ်းစိုပြေရေး၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း စသည်တို့ကို အင်အား (၁၄၀) ခန့်ဖြင့် တပျော်တပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment