ပေါင်မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရုံးသစ်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရုံးသစ်ဖွင့်လှစ်





MNP  -   ဇန်နဝါရီ   ၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးသစ် ဖွင့်လှစ် ခြင်းကိုယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးရုံးတွင် စတင်ဖွင့်လှစ်ခဲ့သည်။


အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မျိုးလှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် ဘေးစီမံရုံးကိုပေါင်မြို့နယ်တွင်စတင်ဖွင့်လှစ်ရ၍လွန်စွာဝမ်းမြောက်မိပါကြောင်း၊သဘာဝဘေးအန္တာရာယ်သည် အချိန်အခါမရွေးဖြစ်ပေါ်နိုင်ချေရှိသောကြောင့် ပေါင်မြို့နယ်အနေဖြင့်လိုအပ်လျက်သောဌာနရောက်ရှိလာသည့်အတွက် ကြိုဆိုပါကြောင့်ပြောကြားသည်။


ထို့နောက် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှူးဦးစီးဌာနသထုံခရိုင်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူအေး က ကျေးဇူးတင်စကားပြောကြားသည်။


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရုံးကိုမွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင် မြို့နယ်ကဒါရပ်ကွက်၊ထန်းပင်ချောင်ကြီးလမ်း၊ ဆည်​မြောင်းနှင့ရေအသုံးချမှု စီမံခန့်ခွဲ​ရေးဦးစီးဌာနရှိအခန်းလွတ် (၁) ခန်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီးဆိုင်းဘုတ်အားအမွှေးနံသာများဖြင့်ပက်ဖြန်းခဲ့ကြောင်းသိရသည်။


ပေါင်မြို့နယ်ဦးစီးမှူးရုံးသစ်အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆ်ုင်ရာများမွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ ဝင်များ နှင့်အတူ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)