ကျောက်တော်မြို့၌ လိုင်စင်မဲ့ဆိုင်ကယ်များအား ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုး ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့၌ လိုင်စင်မဲ့ဆိုင်ကယ်များအား ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုး ဆောင်ရွက်ပေး




MNP  -   ဇန်နဝါရီ  ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်မြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များ အား One Stop Service (OSS) ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် ဆိုင်ကယ်၊ မော်တော်ယာဉ်များသက်တမ်းတိုးဆောင်ရွက်ခြင်းကို  ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်သာသနာ့ ဗိမာန် တော်၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါလိုင်စင်မဲ့ဆိုင်ကယ်များအား ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် (၅) နှစ်အောက် သက်တမ်းတိုးဆောင်ရွက်မည့် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယဉ်များအား  One Stop Service (OSS) ဖြင့် ရခိုင်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနမှ ဦးဆောင်ကာ မြန်မာ့အာမခံလုပ်ငန်း၊ အကောက်အခွန်ဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ် တို့ပူးပေါင်း၍ One Stop Service (OSS)  စနစ်ဖြင့် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ  ဇန်နဝါရီလ ၁၂ ရက်နေ့ မှ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေး ခြင်းနှင့် သက်တမ်းပြတ် (၅) နှစ်အောက် မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များအား သက်တမ်းတိုးဆောင်ရွက်ခြင်း ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုး ဆောင်ရွက်သူများအနေဖြင့် အဆင်ပြေစေရန် ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါမှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၌ ကညနမှ မှတ်ပုံတင်ခ (၃၁၉၀၀) ကျပ်၊ မြန်မာ့အာမခံလုပ်ငန်း အာမခံကြေး (၄၁၅၀) ကျပ်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဘီးလှိမ့်ခွန်ကြေး (၃၀၀၀) ကျပ်၊ ဘဏ်ငွေသွင်းချလန်ကြေး (၅၀၀) ကျပ်နှင့် နိုင်ငံအလိုက်ထုတ်လုပ်သော ဆိုင်ကယ်မော်ဒယ်အမျိုးအစားမျာအလိုက် ပေးသွင်းဆောင်ရမည့် ဒဏ်ကြေးများနှင့် အခွန်များပေးသွင်းနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။


ခင်မောင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)