နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၂) ဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၂) ဖွင့်


MNP  -  ဇန်နဝါရီ ၁၇

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် နံနက် ၈ နာရီက ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးနှင့် ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သောအုပ်ချုပ်ရေးယန္တရားတည်ဆောက်ရေးတို့ကို စံတန်ဖိုး(၅)ရပ်ဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းကောင်းမွန်မှု၊ သစ္စာစောင့်သိမှု၊ စည်းလုံးညီညွတ်မှု၊ စွမ်းရည်ပြည့်ဝမှု စသည့်အခြေခံအချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ထုတ်ပြန်ထားရှိသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ မှန်ကန်သည့်ခံယူချက်များ ဝန်ထမ်းတိုင်းတွင်ရှိနေရန်နှင့် လုပ်ငန်းခွင်မှာသာမက မိမိတို့ပတ်ဝန်းကျင်မှရရှိလာမည့် အတွေ့အကြုံဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေရန်လိုအပ်ကြောင်း ပြောကြားသည်။


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်သော အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၂)သို့ သင်တန်းသား ၁၃၄ ဦး၊ သင်တန်းသူ ၁၁၆ ဦး စုစုပေါင်း ၂၅၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၆ ရက်မှ မတ် ၂၄ ရက်အထိ ရက်သတ္တ ၁၀ ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)