ရသေ့တောင်မြို့ အထက(၂)မြို့မ ကျောင်းတွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့ အထက(၂)မြို့မ ကျောင်းတွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ








MNP  -    ဇန်နဝါရီ    ၁၃

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့အထက(၂)မြို့မ ကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီအချိန်က အဆိုပါကျောင်းရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကိုမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဌဦးနိုင်လင်းထက်နှင့်မြို့နယ်ပညာ‌ ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။


ယင်းနောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးထွန်းရွှေ ၊‌ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဌ ဦးဦးသာဇံ နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မခင်ကြည် တို့က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် ပညာရည်ချွန်ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့သည်။ 


အဆိုပါ ဆုများကို အခမ်းအနားသို့တက်ရောက်လာကြသည့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးမိသားစုမှ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဖများက အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြသည်။


ဆက်လက်၍ ပဒေသာကပွဲအစီအစဉ်များကို ဆက်လက်ကျင်းပရာ အထက(၂)မြို့မကျောင်းမှ အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ယဉ်ကျေးမှု၊ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် ခေတ်ပေါ်တေးဂီတ အကအလှများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)