ပေါက်ခေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၁)တွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၁)တွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ


MNP  -  ဇန်နဝါရီ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ခွဲ)၊ အမှတ်(၁) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူ‌မောင်နှင့် မြို့နယ်ပညာ‌ရေးမှူး ဆရာကြီးဦးအေးလှိုင်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များဖြစ်သော ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲ ရှိတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာ ဦးသန့်ဇင်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင်ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ဦးဆောင်မိတ်ဆက်ပေးပြီး၊ ဆွေးနွေးပွဲစတင်ကျင်းပခဲ့ရာ လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် Grade-10 မှမောင်အောင်မျိုးမင်းကလည်းကောင်း၊ လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် Grade-9 မှ မသက်ဆုကေဇင်ကလည်းကောင်း၊ လူငယ်နှင့်ပညာရေးစဉ်ဖြင့် Grade-8(A)မှ မလှိုင်ယမင်းထွဋ်ကလည်းကောင်း၊ လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့် Grade-8(A)မှ မောင်ဝေဖြိုးအောင်ကလည်းကောင်း၊ လူငယ်နှင့်ခွန်အား ခေါင်းစဉ်ဖြင့် Grade-7(A)မှ မသံစဉ်ဖူး‌ဝေက လည်းကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် Grade-6 မှ မောင်ဇော်ထက်အောင်ကလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးပြောကြားမှု အကြောင်းအရာများအပေါ် သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများက မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါလူငယ်စကားဝိုင်းသို့ အထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)