ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ၈၇ ရာခိုင်နှုန်း ဖောက်လုပ်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ၈၇ ရာခိုင်နှုန်း ဖောက်လုပ်ပြီးစီး




MNP  -  ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ်မုန်တောကြီးကျေးရွာ၌  ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှုလုပ်ငန်း ၈၇ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။ 


အဆိုပါ မုန်တောကြီးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေအား လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ခံအင်ဂျင်နီယာများက အရည်အသွေးစစ်ဆေးခြင်းများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင် ကျေးလက်ကုန်ထုတ်လမ်းမှာ ၈၇ ရာခိုင်နှုန်း ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာရှိ ဒေသခံတောင်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးလက်ကုန်ထုတ်လမ်းအရှည်ပေ ၆ ဖာလုံခွဲအား လမ်းအကျယ် ၁၂ ပေ၊ ထုတစ်ပေကိုးလက်မရှိ ကျောက်ရောမြေခင်း၍ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် အကျယ်အဝန်း (၁၈'×၆'×၆') Slab Culvert (၁)စင်းနှင့် အကျယ်အဝန်း(၁၈'×၃'×၃') Slab Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်  ၃၁ ဒသမ ၅ သန်းဖြင့် မကွေးမြို့၊ Shwe Group ကုမ္ပဏီမှတာဝန်ယူ၍ ဇူလိုင် ၇ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ ၈၇ ရာခိုင်နှုန်းခန့် ဖောက်လုပ်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။


အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပြီးစီးပါက မုန်တောကြီးကျေးရွာရှိ အိမ်ခြေ ၁၄၁၃ အိမ်၊ လူဦးရေ ၆၅၅၁ ဦး၏ စိုက်ပျိုးမြေ ၄၀၀ ဧကမှထွက်ရှိသော သီးနှံထွက်ကုန်များကို ဈေးကွက်သို့ အလွယ်တကူလျင်မြန်စွာသယ်ယူပို့ဆောင်ရောင်းချနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


လှိုင်ဝင်းလေး 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)