နှစ်သစ်ကူးရုံးပိတ်ရက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရား ခရီးသွားလာရောက်မှု များပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်သစ်ကူးရုံးပိတ်ရက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရား ခရီးသွားလာရောက်မှု များပြား



MNP  -   ဇန်နဝါရီ ၁

နှစ်သစ်ကူးရုံးပိတ်ရက် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာ ပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသည့် ပြည်တွင်းခရီးသွားများ များပြားခဲ့ကြောင်း ထီးလိုမင်းလိုဘုရားကြီး ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးတင်လှဦးထံက သိရသည်။


ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားကြီးများနှင့် သာသနကအဆောက်အဦ၊ ဘုရား၊ စေတီ၊ ပုထိုးများတွင် မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ နှစ်သစ်ကူးရုံးပိတ်ရက် လာရောက်သူများပြားခဲ့ရာ ဒေသခံ အိုဝေ အငှားလိုက်သူများ၊ မြင်းလှည်းအငှားလိုက်သူများ၊ E-Bike အငှားသမားများ၊ လက်အလှ ပန်းချီဆွဲသူများ၊ ထမင်း၊ ဟင်းရောင်းချကြသူများ၊ ဘုရားများတွင် ရောင်းချနေသည့် ဈေး သည်များ နှစ်သစ်ကူးရုံးပိတ်ရက်၊ အားလပ်ရက် ဈေးဝယ်သူများပြားကာ ဈေးရောင်းကောင်းကြကြောင်းလည်း သိရသည်။ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မုံရွာမြို့၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ လားရှိုးမြို့၊ ပဲခူးမြို့၊ မကွေးမြို့၊ မိတ္ထီလာမြို့၊ သာစည်မြို့၊တောင်ကြီးမြို့၊ဟိုပုံးမြို့၊တောင်သာ ၊ကျောက်ပန်းတောင်း၊နတ်မောက်၊တောင်တွင်းမြို့များမှ ဘုရားဖူးလာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်သစ်ကူးရုံးပိတ်ရက် စိတ်သစ်လူသစ်ဖြင့် ပုဂံ ဘုရားများ လာရောက်ဖူးမြှော်ခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ ဘုရားဖူးလာရောက်သည့် ကျောက်ပွဲစား ဦးလင်းမောင်ကပြောကြားသည်။


ကိုကြေးမုံ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)