မအီမြို့တွင် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ပဒေသာကပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ပဒေသာကပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ





MNP  -  ဇန်နဝါရီ    ၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အထက်တန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်နှင့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပဒေသာကပွဲကို ယနေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းရှိ မြရတနာခန်းမတွင် နေ့ပွဲအနေဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပဒေသာကပွဲအခမ်းအနားကို Grade-9 ကျောင်းသား/ကျောင်းသူလေးများက ' မြန်မာ့ကျောင်း ' သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး‌ မြန်မာ့ယဉ်ကျေးမှု၊ ရခိုင်ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ကျောင်းသား/ကျောင်းသူလေးများ၏ ကပြသီဆိုဖျော်ဖြေမှု အစီအစဉ်(၁၇)ခုကို ပထမနေ့အနေဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။ ပဒေသာကပွဲ ဒုတိယနေ့ကို မနက်ဖြန် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် အစီအစဉ်(၁၄)ခုဖြင့် ကပြသီဆိုဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး ဆုချီးမြှင့်ကိုလည်း တစ်ဆက်တစ်စပ်တည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကာယဉာဏအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများနှင့် (၄၈)နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသားကျောင်းသူများကိုလည်း တစ်ပါတည်း ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်းတို့ကို ဖော်ပြပါ အ ထ က မအီကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)