အောင်လံမြို့၌ တန်းမြင့်ကျောင်း(ပန်းခြံကျောင်း) နှင့် အထက(၁) ကျောင်းသား/သူ ဟောင်းများ၏ (၅၆)ကြိမ်မြောက် “ မြရတု” မြတ်ဆရာပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့၌ တန်းမြင့်ကျောင်း(ပန်းခြံကျောင်း) နှင့် အထက(၁) ကျောင်းသား/သူ ဟောင်းများ၏ (၅၆)ကြိမ်မြောက် “ မြရတု” မြတ်ဆရာပူဇော်ပွဲကျင်းပ







MNP  -  ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ တန်းမြင့်ကျောင်း(ပန်းခြံကျောင်း)နှင့် အထက(၁) ကျောင်းသား/ သူ ဟောင်းများ၏ (၅၆)ကြိမ်မြောက် “ မြရတု” မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၉နာရီအချိန်က အထက(၁)ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ရာ ဆရာကြီး/ ဆရာမကြီးများနှင့် ကျောင်းသား/ သူဟောင်းများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် တန်းမြင့်ကျောင်း(ပန်းခြံကျောင်း)နှင့် အထက(၁) ကျောင်းသား/သူ ဟောင်းများ၏ (၅၆)ကြိမ်မြောက် “ မြရတု” မြတ်ဆရာပူဇော်ပွဲကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ ပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းက မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြခြင်း၊ ပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးဌေးမောင်က ရငွေ၊ သုံးငွေ စာရင်းရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာကြသော ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး ပူဇော်ကန်တော့ငွေဖြင့် ကန်တော့ခြင်း၊ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ ကိုယ်စား ဆရာကြီး ဦးကြင်စိန်နှင့် ဆရာမကြီး ဒေါ်တင်ဝင်းတို့မှ ဆုံးမဩဝါဒ မိန့်ကြားခြင်း၊ ကျောင်းသား/ သူ ဟောင်းများကိုယ်စား ကျောင်းသူဟောင်း ဒေါ်နန်းမြင့်နွယ်မှ ဝမ်းသာပီတိစကားပြောကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိတတ္ထု (၃)ကြိမ်ရွတ်ဆို၍ ရုတ်သိမ်းကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ကြောင်း အထိမ်းအမှတ်အနေဖြင့် မြနန္ဒာသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကာ စေတနာမွန်အခမဲ့ဆေးကုခန်း ကျောင်းသား/ သူဟောင်းများမှ ပူဇော်ကန်တော့ခံ ဆရာကြီး/ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ခဲ့ပြီး (၅၇)ကြိမ် မြောက် မြတ်ဆရာပူဇော်ပွဲအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


မျိုးသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)