MNP - ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ ကြီးမှူး၍ “စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ပျိုးကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် နေကြာစိုက်တောင်သူများ ဝင်ငွေတိုးစေရန်နှင့်လူမှုစီးပွားဘဝ မြင့်မားလာစေရန်ရည်ရွယ်ချက်များဖြင့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကင်းတောင်စံပြကျေးရွာရှိ တောင်သူ ဦးယက်သဲ့အောင်ပါ(၃)ဦး၏ နေကြာမျိုးစေ့ထုတ်စိုက်ခင်း၊ဆင်းနေကြာ(၁၅)ဧက ၌ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ကအမှာစကားပြောကြားပြီး နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်း က နေကြာမျိုးစေ့ထုတ်စိုက်ခင်း ကွင်းသရုပ်ပြပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် တောင်သူများ၏ မေးမြန်း ချက်များကို ပြန်လည်ဆွေးနွေးသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်း က နွားချေး ၊ မြေပဲခွံ ၊ ဆွေးမြေ့စူပါဘိုကာရှီနှင့်ဖွဲနုတို့ဖြင့် ပြုလုပ်ထားသည့် သဘာဝမြေဩဇာများကို ပြသရှင်းလင်းပြီး EM ဘိုကာရှီပြုလုပ်ပုံများကို လက်တွေ့သရုပ်ပြ ပြီးနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ နေကြာစိုက်တောင်သူများ အား အောင်မြင်ဖြစ်ထွန်းနေသည့် နေကြာမျိုးစေ့ထုတ်စိုက်ခင်း(၁၅)ဧကအတွင်း ရှင်းလင်းပြသသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment