ကလောမြို့နယ်၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စု ပေါင်းသွေး လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စု ပေါင်းသွေး လှူဒါန်းပွဲကျင်းပ


MNP  -  ဇန်နဝါရီ   ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်ပြည်သူ့ဆေးရုံကြီး၌(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကိုယနေ့နံနက် ၉ နာရီက ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ရှိ ကလောခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင် များနှင့်ဝန်ထမ်းများ စုပေါင်း၍ သွေးလှူဒါန်းခဲ့ကြောင်းသိရသည်။


ထိုသို့သွေးလှူဒါန်းရာတွင် ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၄ ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၅ ဦးနှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင် ၅ ဦး စုစုပေါင်း၂၄ ဦးတို့ကသွေးလှူဒါန်းခဲ့သည်။ သွေးလှူဒါန်းခဲ့သည့် တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများ အားကလော မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြို့ငြိမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးထွန်းဝင်းနှင့် ကလောခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာစန်းလှိုင် နှင့်တာဝန်ရှိသူတို့က အာဟာဖြည့်စွက်စာများ ထောက်ပံ့ပေးအပ် ခဲ့ပြီးကြည့်ရှု အားပေးကြောင်း သိရှိရသည်။


ကျော်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)