ကျောက်တလုံးကြီးမြို့၌ အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တလုံးကြီးမြို့၌ အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲကျင်းပ

 


MNP  -   ဇန်နဝါရီ   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်လုံရပ်ကွက်၊ နောင်လုံဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ညနေ ၆ နာရီက အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်လှစ်ခဲ့‌ကြောင်း သိရသည်။


ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ   မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်တလုံးကြီး မြို့နယ် မြေစခန်းမှ ရဲအုပ်ဇော်လတ်က ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊  ကျောက်တလုံးကြီးအ-ထ-က မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်က အခြေခံစာတတ်မြောက်ရေးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော် က စာကြည့်တိုက်နှင့်ပတ်သက်သည့် အသိပညာပေးများကို ဟောပြောပေးခဲ့ကြပါသည်။


အဆိုပါ အခြေခံစာတတ်မြောက်ရေးသင်တန်းသို့ စာသင်သား ၁၄၁ ဦး တက်ရောက်ခဲ့ပြီး ကြီးကြပ် ၂ ဦး၊ နည်းပြ ၃၀ ဦး၊ စာသင်ဝိုင်း ၁၅ ဝိုင်းနှင့် စုစုပေါင်း ရက်ပေါင်း ၄၀  သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


နန်းမျိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)