မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ် ၊ (၃၈လမ်း/၈၇×၈၉)ကြား ကားပေါ် ၌ အမည်မသိ (လူသေအလောင်း) တွေ့ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ် ၊ (၃၈လမ်း/၈၇×၈၉)ကြား ကားပေါ် ၌ အမည်မသိ (လူသေအလောင်း) တွေ့ရှိ






MNP ၊ ဇန်နဝါရီ ၉

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ် ၊ (၃၈လမ်း/၈၇×၈၉)ကြား စည်ပင် အမှိုက်ကန်အနောက်ဖက်တွင် ယမန်နေ့န့(၈.၁.၂၀၂၃)ည (၇:၀၀)နာရီ အချိန်ခန့် တ ကားပေါ် ၌ အမည်မသိ (လူသေအလောင်း) တွေ့ရှိခဲ့ကြောင်း သိရသည်


သွားရောက် ဆောင်ရွက်ပေးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မဟာ - လူမှုကယ်ဆယ်ရေး သို့ ဖုန်းဆက်အကူအညီတောင်းလာသဖြင့် သွားရောက်ကူညီရာ၊ Honda Fit ခဲရောင် 5D/8886(MDY) ကားအနောက်ခန်းတွင် လိုက်ကာဖြင့် အုပ်ထားသော လူသေအလောင်း(အမျိုးသား) တစ်ဦး တွေ့ရှိရပြီး  သက်ဆိုင်ရာ ဌာနနှင့်အတူ လိုအပ်သည်များဆောင် ရွက်၍ ဆေးရုံကြီး ရင်ခွဲရုံဌာန သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


အမည်မသိ လူသေအလောင်းမှာ ကားနောက်ခန်းတွင် လိုက်ကာအုပ်ထားခြင်း၊ ကားတံခါးလော့အား ချထားခြင်း၊ လည်ပင်းတွင် ဒဏ်ရာရှိခြင်း၊ ကားအတွင်း တွင် ကျောက်စိမ်းအချို့တွေ့ရခြင်း၊ ခန့်မှန်း အသက် (၃၅/၄၀)ဝန်းကျင်ရှိခြင်း၊ ကားနံပါတ်(5D/8886)MDY စသည်ဖြင့် တွေ့ရှိရပြီး ၎င်း၏ မိသားစုများ သိရှိစေရန် ရည်ရွယ်၍ တင်ပြရခြင်းကြောင်း မဟာ - လူမှုကယ်ဆယ်ရေးအသင်း က ရေးသားဖော်ပြထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)