MNP - ဇန်နဝါရီ ၂
မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ် အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၁ရက် နေ့မှစတင်ကာဘီးလင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ဘီးလင်းမြို့ပေါ် ရပ်ကွက်(၅)ရပ်ကွက် အတွင်းရှိ မွေးကင်းစမှ အသက် (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးများဖြစ်သော ဆုံဆို့ ၊ ကြက်ညှာ ၊ မေးခိုင် ၊ အသည်းရောင်အသားဝါ(ဘီ)ပိုး ၊ ဦးနှောက် အမြှေးရောင် ၊ (၅)မျိုးစပ်ကာကွယ်ဆေး ၊ပိုလီယိုအကြောသေ ၊ဝက်သက် ၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ပြင်းထန် ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota)ကာကွယ်ဆေးတိုက်ကျွေး ခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment