မင်းလှမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ ၅၉၅ဦး ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ ၅၉၅ဦး ဝင်ရောက်ဖြေဆိုမည်


MNP  -  ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းတွင်းဖြေဆိုသူပေါင်း ၈ ဦးရှိပြီး ပြင်ပဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၅၈၇ ဦး၊  စုစုပေါင်း ၅၉၅ ဦး   တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများ တင်သွင်းထားကြောင်းသိရသည်။  


မင်းလှမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၁ ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ၁၈ ကျောင်း၊ စုစု‌ပေါင်း၂၉ ကျောင်းရှိပြီး၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မင်းလှ၊ မလွန်၊ လင်းကယ်၊ လက်ပံတံခါးစာစစ်ဌာန ၄ ခုမှ ဘာသာတွဲ(၁)ဖြေဆိုသူ အတွင်း၊ အပြင်ပေါင်း ၄၀၆ ဦး၊ ဘာသာတွဲ(၂) အတွင်း၊ အပြင် ဖြေဆိုသူပေါင်း ၇၃ ဦး၊ ဘာသာတွဲ(၇) အတွင်း၊ အပြင် ဖြေဆိုသူပေါင်း ၁၁၆ ဦး စုစုပေါင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၅၉၅ ဦးသည် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများကို တင်သွင်းထားကြောင်း မင်းလှမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


ဇာဇာ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)