သရက်ချောင်းမြို့နယ်တွင် မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လူရွေးချယ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လူရွေးချယ်ပွဲ ကျင်းပ






MNP  -  ဇန်နဝါရီလ  ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ကျင်းပပြုလုပ်သော မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လူရွေးချယ်ပွဲကို ယနေ့နံနက် ၈နာရီအချိန်က သရက်ချောင်းမြို့၊ ပန်းတောဘော်လုံးကွင်းတွင် ကျင်းပခဲ့သည်။


အဆိုပါ ပြိုင်ပွဲများ ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇေယျာဌေးက ပြိုင်ပွဲဝင်အားကစားသမားများအား အားကစားနည်းများနှင့် ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများကို ပြောကြားပြီး အားကစားနည်းများ စတင်ယှဉ်ပြိုင်ကြသည်။


ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အပြေးပြိုင်ပွဲ မီတာ (၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)၊ သံလုံးပစ်၊ သံပြားပစ်၊ လှံပစ်၊ အလျားခုန်၊ အမြင့်ခုန်၊ သုံးဆင့်ခုန် အားကစားနည်း(၉)မျိုး ယှဉ်ပြိုင်ကြရာမှ ထူးချွန်အားကစားသမားများအား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အားကစားပြိုင်ပွဲ ယှဉ်ပြိုင်ရန် ရွေးချယ်ရေးအဖွဲ့မှ အသီးသီး ရွေးချယ်ကြပြီး တာဝန်ရှိသူများက အားကစားနည်းများမှ ဆုရရှိသူများအား အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


သားကြီး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)