ညောင်ဦးမြို့နယ်၌ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်၌ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်





MNP -  ဇန်နဝါရီ  ၉

မန္တလေးတိုင်ဒေသကြီး ညောင်ဦးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန် လျာထားသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်ကွက်/ကျေးရွာအပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က စတင်ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်တာဝန်ပေးမှုဖြင့် မြို့ နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များကို အိမ်ထောင်စု လူဦးရေစာရင်းများ ကောက်ယူရာတွင် တိကျမှန်ကန်မှု ရှိစေရေးအတွက် ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း စတင်ဆောင်ရွက်လျက်ရှိရာ ညောင်ဦးမြို့ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄) ရက်ကွက်၊ အမှတ် (၆)ရပ်ကွက်၊ ကုန်းတန်းကြီးကျေးရွာ၊ ညောင်ဦးမြို့နယ် ပုဂံမြို့ သီရိပစ္စယာရပ်ကွက်တို့တွင် ရပ်ကွက်/ကျေးရွာနေ ပြည်သူများအတွက် မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူများမှ မြေပြင်စာရင်းမှန်ကန်ရေး မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေး ကောက်ယူခြင်းကို ယနေ့မှစတင်ကာ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိရာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခရိုင်စီမံအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ ညောင်ဦးမြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်စီမံအဖွဲ့ဝင် ဦးဆန်းထွန်းဦ၊ ညောင်ဦးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးပြည်ကျော်၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်မြင့်တို့မှ စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကိုကြေးမုံ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)