သံတွဲမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ






MNP   -   ဇန်နဝါရီ ၁၇

သံတွဲမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁၂နာရီက အဆိုပါ ကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။


ရှေးဦးစွာကျောင်းသား၊ ကျောင်းသူလေးများက “လောကမီးအိမ်တေးသီချင်း” အားသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ဆက်လက်၍ ခရိုင်ပညာရေးမှူးဒေါ်ဝိုင်းစိန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ဆက်လက်၍မိဘဆရာအသင်းနာယက ဦးမြင့်ရွှေနှင့်  ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဥက္ကဌ အမှတ်(၈)ရက်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်ရွှေတို့  က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဇံ  က ပညာရေးစုံညီပွဲတော်ဆု ချီးမြှင့်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


ဆက်လက်၍ ကာယ၊ ဉာဏ ပြည်နယ်အဆင့်ဘက်စုံထူးချွန်ဆု၊ စာရိတ္တမောင်ဆု၊ ကျောင်းတက် အမှန်ဆုံးဆရာ၊ ဆရာမဆု၊နှင့် ပညာရည်ချွန်ဆုများကို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးကြကြောင်းသိရှိရသည်။


အဆိုပါကျောင်းသည် ၂၀၀၆ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်၏ ဒုတိယအောင်ချက်အကောင်းဆုံးဆု၊ ၂၀၀၈ ခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင် ပြည်နယ်၏  ဒုတိယအောင်ချက်အကောင်းဆုံးဆု၊၂၀၁၀ ခုနှစ်တွင် (၆)ဘာသာဂုဏ်ထူးရှင်များ မွေးထုတ်ပေးနိုင်ခဲ့၍ ပြည်နယ်အစိုးရ၏ဂုဏ်ပြုဆုချီးမြှင့်ရရှိခြင်း၊ ၂၀၂၁ ခုနှစ်တွင် (၅)ဘာသာတစ်ဦး မွေးထုတ်ပေးနိုင်ခြင်း၊ ၂၀၂၂ ခုနှစ်တွင် သံတွဲမြို့နယ်၏ အောင်ချက်အကောင်းဆုံးကျောင်းဖြစ်ခဲ့သလို (၄)ဘာသာဂုဏ်ထူးရှင် (၂)ဦးအပါအဝင် ဂုဏ်ထူးရှင်(၄၅)ဦး ပေါ်ထွန်းခဲ့သည်။


ထို့အပြင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်ပြည်နယ်အဆင့်စာပေထူးချွန်ဆု(၁)ဆု၊အားကစား ထူးချွန်ဆု(၁)ဆု မြို့နယ်အဆင့် စာပေထူးချွန်ဆု(၉)ဆုနှင့်  အားကစားထူးချွန်ဆု (၃)ဆု ဆွတ်ခူး နိုင်ခဲ့သည့်အပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-9 အောင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်သည့် စက်မှုစိုက်ပျိုးမွေးမြူရေး(တွဲ)ဖက်အထက်တန်းကျောင်းကိုစတင်ဖွင့်မည်ဖြစ်သဖြင့် လူငယ်များအတွက်အသက်မွေးဝမ်းကျောင်း ပညာရေးကို သင်ယူနိုင်တော့မည်ဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီးထံမှသိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)