မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ



MNP  -  ဇန်နဝါရီ  ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယာယီမဏ္ဍပ်ဖြင့် ကျင်းပသည်။


အဆိုပါအခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 ကျောင်းသူ လေးတစ်ဦးက “နတ်ဒိုး” သီချင်းဖြင့် သမ္မာဒေဝနတ်ကောင်းနတ်မြတ်များကို ပင့်ဖိတ် ပူဇော်ခဲ့ပြီးနောက်  ကျောင်းသူ၊ ကျောင်းသားများက “ပညာရေးစုံညီပွဲတော်” သီချင်းဖြင့် သီဆို ဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက  ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရခြင်းအကြောင်းကို  ရှင်းလင်း ပြောကြားပြီးနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း  ကာယစွမ်းရည်ပြိုင်ပွဲများ၌ တိုင်းအဆင့် ဆုရရှိခဲ့ကြသော ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း(၁၃)ဦး၊ ဉာဏစွမ်းရည်ပြိုင်များ၌  တိုင်းအဆင့် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၆)ဦး၊ မြို့နယ်အဆင့် ဆုရရှိခဲ့ကြ သော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၇၅)ဦးတို့အား ဂုဏ်ပြုဆုများကို မြို့နယ် ပညာရေးမှူး နှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ တက်ရောက်လာသည့် ဧည့်သည် များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသားမိဘများကို ကျောင်းသား၊ ကျောင်းသူများက   (ထာဝရ မြန်မာ၊ တခိုင်လုံးရွှေ၊ လောကအားမာန်၊ ဗိုလ်ရှုသဘင်) သီချင်းတို့ဖြင့် သီဆိုဧည့်ခံဖျော်ဖြေပေး ခဲ့ပြီးနောက် “ဇာတိမာန်”သီချင်းကို သီဆို၍ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)