(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားသည့်အခမ်း အနား သံတွဲမြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားသည့်အခမ်း အနား သံတွဲမြို့၌ ကျင်းပ





MNP  -  ဇန်နဝါရီ    ၄

    ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ဦးဥတ္တမပန်းခြံတွင်ကျင်းပပြုလုပ်သည်။


    ရှေ့ဦးစွာဂုဏ်ပြုမြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်ပြီး  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား   အလေးပြုကြသည်။    ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ် ကဖတ်ကြားသည်။ 


ဆက်လက်ပြီး (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော အလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့် ဆောင်ပါး၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများနှင့် သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကျင်းပပြုလုပ်သည့်  အလယ်တန်း, အထက်တန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ကျောင်းသူများ ၊ကဏ္ဍစုံအားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသောသူများနှင့် ပြည်နယ်အဆင့်အားကစားပြိုင်ပွဲများတွင် သံတွဲမြို့နယ်ကိုယ်စားပြု ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ ၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆုများအသီးသီးချီးမြှင့်ပေးကြသည်။


 အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်အဖွဲ့များနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များစုစုပေါင်းအင်အား ( ၂၅၀ ) ဦးခန့် တက်ရောက်ခဲ့ကြပြီး သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲတို့အားကြည့်ရှုလေ့လာခဲ့ကြပြီး ဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။


အခမ်းအနားအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများသည် သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ရှေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ နှင့်သံတွဲမြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည့် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲတို့အား ကြည့်ရှုအားပေးပြီး  ဆုရရှိသောအသင်းများအား ဆုများချီးမြင့်ပေးခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)