ဂွမြို့နယ်၌ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ၊သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၌ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ၊သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ






MNP  -  ဇန်နဝါရီ   ၄

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ၄ရက်နေ့တွင် ကျရောက်သည့်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်၇နာရီက မြို့နယ်စည်ပင်သာယာရေး၊ ပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ပြုလုပ်ခဲ့သည်။


 အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဖတ်ကြားသည်။

ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့်၊ စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ကဗျာပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။


သဝဏ်လွှာဖတ်ပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဂွမြို့နယ်ရုံး ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)