တာမွေမြို့နယ်တွင် မြေပြင်ရှိလူဦးရေစာရင်းကွင်းဆင်းကောက်ယူနေမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် မြေပြင်ရှိလူဦးရေစာရင်းကွင်းဆင်းကောက်ယူနေမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP  -   ဇန်နဝါရီ   ၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သော (Working Group) အဖွဲ့များဖြင့် မြေပြင်ရှိ လူဦးရေစာရင်းများအား တစ်အိမ်တစ်ဆင်း ကွင်းဆင်းကောက်ယူနေမှုနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။ 


အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ဒုတိယရဲမှူးကြီးလှသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ နိုင်ငံတော်၏ တိကျ မှန်ကန်သော လူဦးရေစာရင်းများအပေါ် အခြေခံပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ အနာဂတ် ရေတိုရေရှည် စီမံကိန်းများကို ထိထိရောက်ရောက် အောင်အောင်မြင်မြင်နှင့် အကျိုးရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်သောကြောင့် လူတစ်ဦးချင်း၏ အချက်အလက်များ၊ တိကျ၊ပြည့်စုံ၊မှန်ကန်စေရန်နှင့် လူဦးရေစာရင်းများ တိကျ မှန်ကန်စေရေးဟာ နိုင်ငံတော်အတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းကို ဆောင်ရွက်တဲ့နေရာမှာ မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေနဲ့ တတ်နိုင်သမျှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူတဲ့နေရာမှာ အခက်အခဲများ ရှိပါကလည်း ပြန်လည်တင်ပြပေးကြဖို့ ပြောကြားလိုပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့ပြီး တာမွေမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေသည့် လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် တက်ရောက်လာကြသူများက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပြဿနာများအား ဆွေးနွေးတင်ပြခဲ့ကြရာ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)