ကျောက်ဆည်မြို့နယ် ညောင်ရွေကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် ညောင်ရွေကျေးရွာတွင် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း


MNP  -   ဒီဇင်ဘာ   ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးနည်းပညာများ ကူညီပံ့ပိုးမှုဖြင့် မျိုးစေ့ထုတ်ဆောင်းနေကြာစိုက်ခင်းများ စိုက်ပျိုးထားရာ ညောင်ရွေကျေးရွာ၊ ကွင်းအမှတ်(၁၆၉)၊ ဦးပိုင်အမှတ်(၁၇၅)တွင် တောင်သူဦးဝင်းညွှန့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။


မျိုးစေ့ထုတ် ဆောင်းနေကြာ စိုက်ခင်းများကို ဒွေးလှကျေးရွာမှ တောင်းသူ(၁၂)၏ စိုက်ပျိုးမြေများတွင် (၂၇)ဧက၊ ကျီးအိပ်ကျေးရွာမှ တောင်သူ(၅)ဦး၏ စိုက်ပျိုးမြေများတွင် (၅)ဧက၊ ရှားပင်ကျေးရွာမှ တောင်သူ(၇)ဦး၏ စိုက်ပျိုးမြေများတွင် (၂၂)ဧက၊ သပြေဝန်းကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုးမြေများတွင် (၁၀)ဧက၊ ညောင်ရွေကျေးရွာမှ တောင်သူ(၅)ဦး၏ စိုက်ပျိုးမြေများတွင် (၉)ဧက၊ ပြည်ပန်းကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုးမြေများတွင်(၄)ဧက၊ မှိုင်းပန်ကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုးမြေများတွင်(၁၀)ဧက၊ ကလေးကျေးရွာမှ တောင်သူ(၄)ဦး၏ စိုက်ပျိုးမြေများတွင် (၁၀)ဧက၊ စပါယ်တောကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုး မြေများတွင်(၃)ဧက၊ သံရွာကျေးရွာမှ တောင်သူ(၁)ဦး၏ စိုက်ပျိုးမြေများတွင် (၁၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။


ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ စနစ်တကျနည်းပညာများ ကူညီပေးလျက်ရှိပြီး သွင်းအားစုအနေဖြင့် ထယ်ရေးပြင်ချိန်တွင် တစ်ဧကနွားချေးနှင့်မြေဆွေးတစ်မျိုးမျိုးကို နွားလှည်း(၅)စီးမှ(၁၀)စီး၊ ယူရီယား(၁၁၂)ပေါင်၊ တီစူပါ(၅၆)ပေါင်နှင့် ပိုတက်ရှ်(၅၆)ပေါင် အသုံးပြုပြီး အဖူးဝင်ချိန်တွင် ယူရီးယား(၅၆)ပေါင် ထပ်မံထည့်သွင်းစိုက်ပျိုးကြောင်းနှင့် စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းသည့် အပင်ပေါက်နှုန်း (၈၀)ရာခိုင်နှုန်းအထက်ရှိသော နေကြာမျိုးများရွေးချယ်ပြီး တစ်ဧက မျိုးစေ့(၃)ပြည်နှုန်းဖြင့် အပင်ပေါက်သေချာစေရန် မြေအစိုဓာတ်လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ နှစ်လက်မအတွင်း စိုက်ပျိုးထားကြောင်း၊ သတ်မှတ်အပင်ဦးရေ(၂၉၀၀၀)ဝင်ဆန့်စေရန် တန်းကြား(၂)ပေ၊ ပင်ကြား(၉)လက်မဖြင့် (၁)ကျင်းလျင်မျိုးစေ့(၂)စေ့နှုန်းဖြင့် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)