တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ



MNP  -   ဇန်နဝါရီ ၂၃

တောင်ကြီးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြု ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးတက္ကသိုလ် အားကစားကွင်း၌ ကျင်းပသည်။


ဆုချီးမြှင့်ပွဲတွင် တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများမှ ပန်းပွားအကဖြင့် စတင်ဖွင့်လှစ်ပြီး မမေသူဝင်းက`မိုးယံလွင့်ပျံလက်ခုပ်သံ´ သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။


ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဒဿနိကဗေဒ ဘာသာရပ်အသင်းနှင့် ဘူမိဗေဒ ဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘူမိဗေဒဘာသာရပ် အသင်းမှ(၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး အဆိုပါပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှအားပေးကြသည်။


ထို့နောက် ဆုချီးမြှင့်ပွဲ ကျင်းပရာ ပါမောက္ခ(ဌာနမှူး)များက ဘောလုံးပြိုင်ပွဲတွင် ပါဝင်တာဝန် ထမ်းဆောင်ပေးကြသော ရှမ်းပြည်နယ် ဘောလုံးဒိုင်အဖွဲ့နှင့် ရှမ်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြု လက်ဆောင်ချီးမြှင့်ပေးပြီး  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးတက္ကသိုလ် အနုပညာအသင်းအား အလှူငွေများကို တောင်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဆွေက ပေးအပ်ရာ ပါမောက္ခ (ဌာနမှူး)များမှ လက်ခံရယူသည်။


၎င်းနောက် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဂိုးသမား အကောင်းဆုံးဆုရ၊ အမျိုးသား၊ အမျိုးသမီး၊ နောက်တန်းအကောင်းဆုံးဆုရ အမျိုးသား၊ အမျိုးသမီးများတို့အား ဆုတံဆိပ်နှင့်ငွေသားဆုကို တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး အလယ်တန်းအကောင်းဆုံးဆုနှင့် ရှေ့တန်းအကောင်းဆုံးဆုရှိသူ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆု ရရှိသူများအား တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုကိုနိုင်မှ ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီး တတိယပူးတွဲဆုရရှိသော ညွန့်ပေါင်းအသင်းနှင့် ပထဝီဝင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်ဘာသာအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသားပူးတွဲတတိယဆုရရှိသော သင်္ချာဘာသာရပ်နှင့် ပထဝီဝင်နှင့် ပတ်ဝန်းကျင် အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှ ဆုချီးမြင့်ပေး၍လည်းကောင်း၊ အမျိုးသမီး ဒုတိယဆုရရှိသော ရူပဗေဒဘာသာရပ် အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား ဒုတိယဆုရရှိသော ဒဿနိက ဘာသာရပ်အသင်းအား ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီး ပထမဆုရရှိသော ဓာတုဗေဒဘာသာရပ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းမှ ချီးမြှင့်ပေး၍ တံခွန်စိုက် ဆုဖလားကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ချီးမြှင့်ပေးပြီး အမျိုးသား ပထမဆုရရှိသော ဘူမိဗေဒဘာသာရပ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်မှ ချီးမြှင့်ပေးပြီး တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ချီးမြှင့်ပေးကြောင်း သိရသည်။


မောင်မောင်သန်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)