ဒီမိုကရေစီ အရည်ခြုံ၍ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေကြသူများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီမိုကရေစီ အရည်ခြုံ၍ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေကြသူများ


တိုင်းပြည်တွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းတွေကို တွေ့ကြုံသိမြင်ခဲ့ကြတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူများ ပြောဆိုနေကြစကားပါပဲ။ ဒီနေ့ အချိန်မှာ NLD ပါတီကို ဝန်းရံပေးခဲ့ဖူးသော်လည်း NLD လုပ်ရပ်တွေဟာ တိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ခြင်း မရှိတဲ့ ဝေဖန်ပြောဆိုသူတွေရဲ့ ပြောစကားကလည်း ထပ်တူကျနေပါတယ်။ အဲဒါကတော့ အရေးအခင်းတွေကို အကြောင်းပြုပြီး နိုင်ငံရေးလုပ်စားကြတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တချိန်က ABSDF အဖွဲ့မှာ ခေါင်းဆောင်ခဲ့ဖူးတဲ့ ဦးမိုးဟိန်းလည်း ဒီစကားကို ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ပြည်ပကနေ မြန်မာ့နိုင်ငံရေးအခြေအနေပေါ် လေ့လာသုံးသပ်ပြောဆိုနေကြတဲ့ ကိုချိုကြီး၊ ကိုမောင်စိုး၊ ကိုသတိုးစော တို့ရဲ့ ဆွေးနွေးပြောဆိုမှုတွေမှာလည်း ဒီစကားကို မကြာခဏ ကြားရပါတယ်။

သို့ပေသော်လည်း ဆင်ခြင်တုန်းတရားကင်းမဲ့လွန်းပြီး ပုဂ္ဂိုလ်ရေးရှေးတန်းတင်လွန်းတဲ့ ငမိုက်သားလေးတွေက ခေတ်အဆက်ဆက် ရှိနေတာဆိုတော့ နိုင်ငံရေးလုပ်စားသူတွေအတွက် ခံတွင်းတွေ့စရာပါပဲ။ ဦးမိုးဟိန်း ဆိုရင် ABSDF အဖွဲ့ဝင်ဟောင်းတချို့ဟာ ဒီလို အခွင့်အရေးမျိုးကို စောင့်နေကြတာ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုင်းဖျက် ပြည်ဖျက် အလုပ်တွေ မလုပ်ရတော့ ပုန်းကြောင်သွားကြတဲ့ အခြေအနေမျိုးကို ရှင်းလင်းပြောဆိုခဲ့ဖူးပါတယ်။

နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ဖမ်းဆီးရမိ အကြမ်းဖက်သမားတွေရဲ့ ဝန်ခံထွက်ဆိုချက်တွေကို ချပြခဲ့ရာမှာလည်း ABSDF အဖွဲ့ဝင်ဟောင်းတွေက PDF တွေကို ဦးဆောင်ပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်လုပ်ရပ်တွေမှာ ပြန်လည်ပါဝင် ဦးဆောင်နေတာကို တွေ့မြင်ခဲ့ရပါတယ်။

မြန်မာ့နိုင်ငံရေးကို အပြုသဘောဆန်ဆန် ချည်းကပ်မယ်ဆိုရင် ၂၀၂၀ မှာ မိမိတို့ကိုယ်တိုင် ကျူးလွန်ခဲ့ကြတဲ့ မဲလိမ်မဲခိုးမှုကြီးတွေကို ချမပြဝံ့တာ ပြဿနာမဟုတ်ပါဘူး။ သူခိုးက ခိုးတယ်လို့ ဝန်ခံရိုး ထုံးစံမှ မရှိတာ။ သို့ပေသော် စစ်ဆေးပေါ်ပေါက်နေပြီဆိုတဲ့ အခြေအနေမှာ အရှက်ပြေ ကိုယ့်အဖွဲ့ကိုယ် ဘရိတ်အုပ်ပြီး လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ပြည်ဖျက်မီဒီယာမှာ လေဖောနေလို့ ရပါတယ်။ အကြမ်းဖက်လမ်းစဉ်ကို မဖော်ဆောင်ဘူး။ မိမိတို့ ကျူးလွန်ခဲ့တာကိုလည်း ဝန်ခံဖို့ မလိုဘူး။ အဓိက တာဝန်ရှိသူတွေ သူကျူးလွန်တဲ့ ပြစ်မှုအလျှောက် သူတို့ဖာသာ သူတို့ ခံသွားကြလိမ့်မယ်။ ကျန်တဲ့ သူက မိမိတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ နိုင်ငံရေးမှိုင်းတိုက်ပြီး ပြည်သူကို ပြန်လည်စည်းရုံးဆောင်ရွက်နေမယ်ဆိုရင် နစက ကျင်းပပေးတဲ့ ရွေးကောက်ပွဲမှာလည်း NLD အနေနဲ့ အထိုက်အလျှောက် ပြန်လည်နေရာရဖို့ ရှိပါတယ်။

ဘာကြောင့်လဲဆိုရင် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေကို ယုံကြည်အားကိုတဲ့ နီပိန်း ပရိတ်သတ်ကြီးက ရှိနေလို့ပါပဲ။ 

သို့ပေသော် NLD အစွန်းရောက်တွေ ရှက်ရမ်း  ရမ်းပုံက သူတို့က သူတော်စင်ကြီးတွေဖြစ်ပြီးတော့ တပ်မတော်က အာဏာလုယူတာပါလို့ ရွှန်းရွှန်းဝေပြောဆိုပြီး ဒီမိုကရေစီကို လိုလားသူတွေက ဒီမိုကရေစီမဆန်တဲ့ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြတယ်။ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး လုပ်ကြံသတ်ဖြတ်နေကြတယ်။ ဒီလို လုပ်ရပ်တွေမှာတော့ လူမျိုးလိမ်ခေါင်းစဉ်နဲ့ လုပ်စားနေတဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now ဆိုတဲ့ ပြည်ဖျက် မီဒီယာတွေရဲ့ ပယောဂလည်း မကင်းပါဘူး။ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ကို CRPH, NUG တို့ ဖွဲ့စည်းဖို့ဆိုတာလည်း ပြည်ဖျက်မီဒီယာတွေနဲ့ ၈၈ ကျောင်းသားအိုကြီးများက မြှောက်ပေးလိုက်ကြတာပါပဲ။

၈၈ မတိုင်ခင်ကတည်း ဒါမျိုး လုပ်စားခဲ့ကြဖူးတယ်လေ။ ဒေါက်တာစိန်ဝင်းတို့က ပြည်ပထွက်ပြေးပြီး NCGUB အဝေးရောက်ညွန့်ပေါင်းအစိုးရကို တည်ထောင်တယ်။ သူငယ်နှပ်စား ကျောင်းသားများက ABSDF ကို ထူထောင်တယ်။ ဒီလို လုပ်စားဖူးတဲ့ အခင်းအကျင်း ပုံဖော်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ ၂၀၂၁ မှာတော့ ၈၈ ကထက်ပိုပြီး ထူးခြားလာတာက လူမျိုးလိမ်ခေါင်းစဉ်နဲ့ လုပ်စားနေကြတဲ့ လူ့အခွင့်အရေးအမည်ခံကောင်တွေ၊ CSO အမည်ခံကောင်တွေ၊ ကောင်မတွေ ကပါ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ထဲ ဝင်လာပြီး NUG အကြမ်းဖက်အဖွဲ့ဝင်အဖြစ်နဲ့ လူမျိုးလိမ်အရေး ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဖြီးဖြန်းပြောဆိုပြီး လုပ်စားတဲ့ အကွက်တွေ ပါလာပါတယ်။

တကယ်တော့ နီပိန်းလေးတွေဟာ သူတို့ကို ဦးဆောင်နေသူများ ဘယ်လိုခေါင်းစဉ်တွေနဲ့ လုပ်စားနေကြတယ်ဆိုတာကို ဧကန်စင်စစ် ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိတာေတော့ အမှန်ပါပဲ။ ပြည်ပြေး ဝရမ်းပြေးတွေက လူမျိုးလိမ်ကို တိုင်းရင်းသားအခွင့်အရေးပေးမယ်လို့ ပြောလည်း သူတို့ သဘောကျနေကြတာပါပဲ။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ဖို့ အိုအိုင်စီ နဲ့ အနောက်စုက ရယူထားတဲ့ ငွေကြေးတွေရှိနေတာကြောင့် တော်လှန်ရေးနဲ့ မသက်ဆိုင်ဘဲ သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်ခိုင်းလည်း နီပိန်း အကြမ်းဖက်သမားလေးတွေက တုန့်စိုင်းမနေကြတော့ပါဘူး။ သံဃာလည်း သတ်ရဲတယ်။ ဆရာ/ ဆရာမတွေလည်း သတ်ရဲတယ်ဆိုတဲ့ အဆင့်မျိုးအထိ ဖြစ်လာခဲ့ကြပါတယ်။

ဒီလိုဖြစ်လာခြင်း အကြောင်းကလည်း မူးယစ်ဆေးဝါးနဲ့ စီးပွားရှာတဲ့ KIA လက်အောက်ကို သွပ်သင်းခံခဲ့ရတာကြောင့် PDF အကြမ်းဖက်သမားလေးတွေမှာ လှုပ်ရှားမှု တစ်ခုခု လုပ်တော့မယ်ဆိုတဲ့အချိန်မှာ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခိုင်းပြီး အကြမ်းဖက်လှုံ့ဆော်သူတွေ အလိုကျ လုပ်ဆောင်ပေးရတာကို ဖမ်းဆီးရမိ ဖြစ်စဉ်တွေက သက်သေခံနေပါတယ်။ ရန်ကုန်မြို့ပေါ်မှာ တိုက်ပေါ်ကနေ ခုန်ချတဲ့ ဖောက်ခွဲရေးသားလေးတွေလို အဖြစ်မျိုးတွေက များစွာ ရှိပါတယ်။ ကန့်ဘလူမြို့နယ်အတွင်းမှာလည်း PDF အကြမ်းဖက်သမားတွေ ဖမ်းမိပြီဆိုရင် ဘာမှ စစ်ဆေးမေးမြန်းလို့ မရလောက်အောင် မူးယစ်ဆေးသုံးစွဲထားတာကို တွေ့ရပြီး ဆေးပြယ်မှ စစ်မေးရတဲ့ အခြေအနေမျိုးတွေ ကြားသိရပါတယ်။

တကယ်တော့ နွေဦးတော်လှန်ရေးဆိုတာ အမည်နာမ တစ်ခုသာ ဖြစ်ပါတယ်။ တပ်မတော်ကို တိုက်ခိုက်နိုင်စွမ်းမရှိတာကိုလည်း သူတို့ သိပါတယ်။ နွေဦးတော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး NLD ပါတီဦးဆောင်သူများ၊ ၈၈ ကျောင်းသားအိုကြီးများ၊ ပြည်ဖျက်မီဒီယာများ ဟာ သူတို့ကို ပေးကမ်းထောက်ပံ့ထားတဲ့ အိုအိုင်စီ၊ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ အလိုကျ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ခဲ့ကြခြင်း ဖြစ်ပါတယ်။  NLD ပါတီဦးဆောင်သူများ၊ ၈၈ ကျောင်းသားအိုကြီးများ၊ ပြည်ဖျက်မီဒီယာများ က ပြစ်မှတ်ထားလှုံ့ဆော်ခဲ့တဲ့ သူတွေ (သတ်ဖြတ်ခံရသူတွေ) ကိုကြည့်ရင် တပ်မတော်ကို တော်လှန်ခြင်းမျိုး မဟုတ်ဘဲနဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေ လုပ်ခဲ့ကြခြင်းဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။ မှိုင်းတိုက်ရ လွယ်ကူတဲ့ နီပိန်းလေးတွေကတော့ သူတို့ရဲ့ အသုံးချခံ ဖြစ်ခဲ့ရပါတယ်။

ပြည်ပြေး ဝရမ်းပြေး တစ်ဦးဖြစ်တဲ့ မျိုးရန်နောင်သိန်း က သူ့ရဲ့ Live ထုတ်လွှင့်ပြောဆိုမှုမှာ ပွင့်ပွင့်လင်းလင်းပဲ ဖွင့်ပြောလာတာကို တွေ့ရပါတယ်။ အဲဒါကတော့ ဒီတော်လှန်ရေးမှာ ဘာမှ တာဝန်ယူစရာမလိုတဲ့ အတွက် အာဝင်ချောင်တာ၊ ကျွန်တော်လည်း အာချောင်တာပဲ လို့ အတိအလင်း ပြောဆိုထားပါတယ်။ မျိုးရန်နောင်သိန်း က သူ့ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ၂၀၂၁ ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုတဲ့ အချိန်မှာ မျိုးရန်နောင်သိန်း က ကျောင်းထားတဲ့ မိဘတွေကို ခြိမ်းခြောက်ခဲ့တယ်။ ကျောင်းထားရင် ခင်ဗျားတို့ သားသမီးတွေ ခြေပြတ် လက်ပြတ်ဖြစ်ကုန်မယ်၊ အခက်မသင့်ရင် အသက်ပါသွားလိမ့်မယ်လို့ ပြောဆိုခဲ့သူ ဖြစ်ပါတယ်။ သူက ပါးစပ်ထဲ လေတိုးရာ ပြောတာပါပဲ။ PDF အကြမ်းဖက်သမားလေးတွေက သူတို့ပြောသလို လိုက်လုပ်တယ်။ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး ဖောက်ခွဲတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့ကြတယ်။ အဲဒီလို အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ရင်း လက်ထဲမှာ ဗုံးကွဲလို့ သေတဲ့သူ၊ အဖမ်းခံရသူတွေအတွက် မျိုးရန်နောင်သိန်း က ဘာတွေများ တာဝန်ယူခဲ့တာ ရှိသလဲ။ သူ့မှာ တာဝန်မရှိဘူး။ သူက သက်သက်အာချောင်ခြင်းပဲ ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေက အာချောင်ရုံနဲ့ ငွေရတယ်။ သူတို့ကို အဲဒီလို အာချောင်ဖို့ အနောက်အုပ်စုက ခိုလှုံခွင့်ပေးတယ်။ အိုအိုင်စီ က ငွေကြေး ထောက်ပံ့ပေးတယ်။ အဲဒီလို ပြည်ဖျက်မိစ္ဆာတွေက တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ အာချောင်တာကို အဟုတ်တကယ်ထင်ပြီး လိုက်လုပ်နေတဲ့ နီပိန်းအကြမ်းဖက်သမားလေးတွေရဲ့ ဘဝကတော့ နိဂုံးမလှဘူးပေါ့။ နီပိန်း အကြမ်းဖက်သမားလေးတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေလည်း အေးချမ်းစွာ မနေရဘူး။ တော်လှန်ရေးခေါင်းစဉ်အောက်မှာ အမြတ်ထွက်တာတော့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေပဲ ရှိပါတယ်။

အခုတဖန် ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်ဆီးဖို့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက လှုံ့ဆော်နေကြပြန်ပါပြီ။ သတင်းထုတ်ပြန်ချက်များအရ နီပိန်း အကြမ်းဖက်သမားများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးပေါင်း ၁၃ရုံး ကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဖြစ်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဦးစီးဌာနရုံး အဆောက်အဦ ၉ ခု အထိ မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီလို လုပ်ရပ်တွေကတော့ ပြည်သူတွေရဲ့ ဆန္ဒမဲပေးရွေးချယ်ခွင့် ပျက်စီးဆုံးရှုံးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြခြင်းပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီအရေးတော်ပုံ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူလို့ အသံကောင်းဟစ်နေကြတဲ့ နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီစနစ် ပြန်လည်သက်ဝင်လှုပ်ရှားလာမှာကို ကြောက်ရွံ့နေကြသူများပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ကြည့်ရင် တပ်မတော်ကို အာဏာသက်ဆိုးရှည်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ သဘောကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တပ်မတော် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့အတွက် သူတို့အနေနဲ့လည်း တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လှုံ့ဆော်မှုတွေကို အစွမ်းကုန်ဆောင်ရွက်လို့ ရမယ်။ အဲဒီလို လုပ်ကြံဖန်တီးလှုံ့ဆော်ပြီး မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေမှ သူတို့ကို ပေးကမ်းထောက်ပံ့တဲ့ အိုအိုင်စီ နဲ့ အနောက်အုပ်စုက သဘောကြမယ်။ 

တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားဖို့ ဒီမိုကရေစီ အရည်ခြုံပြီး တပ်မတော်ကို အာဏာသက်ဆိုးရှည်အောင် လုပ်ဆောင်နေသူများဟာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများပါတကား။   ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)