အုန်း လက်မှုပစ္စည်းပြုလုပ်ခြင်းနှင့် အုန်းသီးမှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ် လုပ်ခြင်းနည်းပညာသင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုန်း လက်မှုပစ္စည်းပြုလုပ်ခြင်းနှင့် အုန်းသီးမှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ် လုပ်ခြင်းနည်းပညာသင်တန်းဖွင့်




MNP  -  ဇန်နဝါရီ ၂၄

ကရင်ပြည်နယ်အသေးစား အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ ဦးဆောင်မှုဖြင့် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အုန်းလက်မှုပစ္စည်းပြုလုပ်ခြင်း နှင့်အုန်းသီးမှတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း နည်းပညာသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ခန့်က အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် ပြည်နယ်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်အလွန်အရေးပါသည့်ပင်မကျောရိုးလုပ်ငန်းများဖြစ်ပြီး လူငယ်လူရွယ်များနှင့် အခြေခံလူတန်းစားများ အလုပ်အကိုင်အခွင့်အလမ်းပေါများစေရေးအတွက် ယခုသင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခင်ကအုန်းသီးကို စားသုံးမှုအတွက်သာသုံးစွဲကြသော်လည်း ယခုအခါ နည်းပညာများအသုံးပြု၍ စားသောက်ကုန်များအပြင် လူသုံးကုန်များ၊ အလှကုန်များ၊ အသုံးအဆောင်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးဓာတ်မြေဩဇာများအဖြစ် ထုတ်လုပ်သုံးစွဲနေကြပြီဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပို့ချပေးမည့်သင်ခန်းစာများကိုလေ့လာအသုံးချ၍ တန်ဖိုးမြှင့်စား သောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများအား စနစ်တကျထုတ်လုပ်နိုင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ်ဆောင်ရွက်နိုင်ရန် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းသူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်စန်းစန်းဟန်က သင်တန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်တန်းသား /သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သင်ထောက်ကူပစ္စည်း များအား လေ့လာ ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့်အဆိုပါသင်တန်းသို့ သင်တန်းသား၊သင်တန်းသူ ၁၅ ဦး တက်ရောက်လျက်ရှိပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)