စလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ





MNP   -    ဇန်နဝါရီ  ၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်‌နေ့ နံနက် ၈ နာရီ အချိန်က စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာအား ကစားပိုက်ကျော်ခြင်း ပြိုင်ပွဲကို ကျင်းပလျက်ရှိရာ ဌာနဆိုင်ရာ လူငယ်မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းအခြင်းခြင်း ချစ်ခင်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် အားကစားကို ချစ်မြတ်နိုး၍ ပိုက်ကျော်ခြင်း စည်းကမ်းချက်များနှင့်အညီ ယှဉ်ပြိုင်ကစားကြရန် ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ နံနက် ၈ နာရီအချိန်မှ စတင်ကာ ဌာနဆိုင်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဌာနဆိုင်ရာ ပြိုင်ပွဲဝင်အသင်း (၁၁) သင်းဖြင့် (၄)အုပ်စုခွဲ၍ ယှဥ်ပြိုင်ကစားကြမည်ဖြစ်သည် ပြိုင်ပွဲဝင်အသင်များဖြစ်သည့် ၊(က)အုပ်စုတွင် ပညာရေး(၂)၊ မီးသတ်၊ ရဲတပ်ဖွဲ့(၂)၊ အုပ်စု(ခ)တွင် လယ်/  အင်း၊ ပညာရေး(၁)၊ ရဲတပ်ဖွဲ့(၂)၊ အုပ်စု( ဂ)တွင် သစ်တော၊ ထွေအုပ်(၂) ကျန်းမာရေး၊ အုပ်စု(ဃ)တွင် ထွေအုပ်(၁)၊ စိမ်းစိုအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ပညာရေး(၂)နှင့် မီးသတ်ဦးစီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မီးသတ်ဌာနအသင်းမှ အနိုင်ရရှိခဲ့ပြီး ထွေအုပ်(၂)နှင့် သစ်တောတို့ယှဉ်ပြိုင်ရာ ထွေအုပ်အသင်းမှ အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ လယ်/အင်းအသင်းနှင့် ပညာရေး(၁)တို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးအသင်းမှ အနိုင်ရရှိခဲ့သည်။ အုပ်စုအတွင်းပြိုင်ပွဲများကို ဒီဇင်ဘာ ၃၁ရက်မှ ဇန်နဝါရီ ၂ ရက်နေ့အထိ ကစားကြပြီး ရှုံးထွက်အဆင့်ပြိုင်ပွဲများကို ဇန်နဝါရီ ၃ ရက်နေ့တွင် ကစားကြမည်ဖြစ်ပြီး တတိယလုပွဲနှင့် ဗိုလ်လုပွဲများကို ဇန်နဝါရီ ၄ ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည် ဆုရရှိသည့် အသင်းများကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)