(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ကျင်းပ


MNP  -  ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ယမန့်နေ့ နေ့လယ်၁နာရီအချိန်က မြို့မရပ်ကွက် မြို့နယ်အားကစားဇုံ၌ ကျင်းပသည်။


ဖူဆယ်ဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အသင်းက ပညာရေး၊ ကျန်းမာရေးအသင်းကို ငါးဂိုး၊ နှစ်ဂိုး ဗိုလ်လုပွဲစဉ်အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်းက မီးသတ်ဦးစီးဌာနအသင်းကို နှစ်ဂိုး၊ ဂိုးမရှိတို့ဖြင့် အနိုင်ရရှိခဲ့သည်။


အဆိုပါ ပြိုင်ပွဲများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်အားပေးခဲ့ကြပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဆုများ ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဝေယံဖြို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)