MNP - ဇန်နဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ဓမ္မဝိဟာရသီလရှင် စာသင်တိုက်တွင် (၁၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး တပ်ကုန်းမြို့သာသနာ့ဂုဏ်ရည် သီလရှင်စာသင်တိုက်မှ ဆရာကြီး ဒေါ် ယုဇနသိင်္ဂီက ဒေဝနိမန္တနဂါထာကို ဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ် ပူဇော်သည်။ ထို့နောက် လယ်ဝေးမြို၊ အင်ဘုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တှ ကောသလ္လ အရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ခေတ်အေးသီလရှင်ကျောင်းမှ ဆရာကြီးဒေါ်ရေဝတီက ပဋ္ဌာန်းရောင်ခြည်တော် ဖွင့်ဂါထာကိုရွတ်ဖတ်ပူဇော်သည်။
ထို့နောက် ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်ရေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဒက္ခိဏသီရိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှဝင်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဆရာတော် သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများက ဦးဆောင်၍ တက်ရောက်လာကြသည့် ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒသေပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ ဒက္ခိဏသီရိမြို့နယ်၊ ဓမ္မဝိဟာရသီလရှင် စာသင်တိုက်၏ (၁၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း မြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ ၅ ရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment