ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ပထမ၊ဒုတိယအကြိမ်နှင့်ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ပထမ၊ဒုတိယအကြိမ်နှင့်ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး



MNP  -    ဇန်နဝါရီ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။


ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ပထမအကြိမ် အသက်(၅)နှစ်မှ (၁၅)နှစ်ကျောင်းသား/ကျောင်းသူ (၁၉၃၀)ဦး၊ အသက် (၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ(၈၄၉၆)ဦး၊ အသက်(၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့် သီလရှင်(၁၄၁၅)ဦး၊ အသက် (၁၈)နှစ်အထက်ပြည်သူ(၁၆၇၆၂၁)ဦး စုစုပေါင်း(၁၇၉၄၆၂)ဦးနှင့် ဒုတိယအကြိမ်တွင် (၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင် (၆၁၄)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၈၁၃၉)ဦးနှင့် ပြည်သူ (၁၄၅၆၅၇) ဦး၊ စုစုပေါင်း(၁၅၄၄၁၀)ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးပြီးသူ(၁၃၄၅၂)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေးအတွက် ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိပြီး အခြေခံ ပညာကျောင်း (၆၄)ကျောင်းနှင့် စုကြီးထန်းတောရပ်ကွက်၊ မြို့တော်ခန်းမ၊ စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ စသည့် ပြည်သူ့ ကျန်းမာရေးဌာနခွဲများတွင် ပထမအကြိမ်၊ ဒုတိဘအကြိမ်ကာကွယ်ဆေးများနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)