ဘုတ်ပြင်းမြို့တွင် မီးဘေးကြိုတင်ကာကွယ်​ရေးအသိပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့တွင် မီးဘေးကြိုတင်ကာကွယ်​ရေးအသိပေးနှိုးဆော်



MNP  -    ဇန်နဝါရီ      ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညက မြို့ပေါ်ရပ်ကွက်များတွင် အသိပေးဆောင် ရွက်လျက်ကြောင်းသိရသည်.


 ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး  မီးဘေးသတိရှိရေး   မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ မြို့နေပြည်သူများအနေဖြင့် မီးအသုံးပြုရာတွင် စနစ်တကျ အသုံးပြုမှုများနှင့် နေအိမ်များတွင် မီးသတိပြုရန် မီးဘေးအန္တရာယ်ကာကွယ်နိုင်ရန်အတွက်   မီးချိတ်မီးကပ် သဲပုံး ရေးပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင့်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်၊ လျှပ်စစ် မီးအသုံးပြုရာတွင်လည်း မီးဘေးလုံခြုံအတွက် အလေးထားလိုက်နာဆောင်ရွက်ကြရန် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာစည်းကမ်း ချက်များကို လိုက်နာဆောင်ရွက်ကြရန်  မီးဘေးအန္တရာယ်ကြုံတွေ့ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင် းပေးပို့ ဆောင်ရွက်ကြရန် စသည့်တို့ကို မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံများတွင် အသိပေးနှိုးဆော်များကို သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် ‌နံနက် ပိုင်းနှင့် ညဘက်တို့တွင် နေ့စဉ်အသိပေးနှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)