မာန်အောင်မြို့နယ်၌(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့ အထိမ်း အမှတ် အားကစား ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့ အထိမ်း အမှတ် အားကစား ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ






MNP  -  ဇန်နဝါရီ  ၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့အထိမ်း အမှတ် အားကစား ပြိုင်ပွဲ  များကိုယနေ့နံနက် ၈နာရီမှ စတင်ကာ မြို့မ  အားကစား ကွင်း၌ စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်ခဲ့ သည်။


   အဆိုပါပြိုင်ပွဲများကို မြို့နယ် စီမံအုပ်ချုပ် ရေး အဖွဲ့ကကြီးမှူး၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ဦးဆောင်မှုဖြင့်မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး အားကစားနည်း(၉)မျိုးဖြစ်သည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ကျား/မ မီတာ၁၀၀အပြေးပြိုင်ပွဲ၊ခြေပူးအပြေးပြိုင်ပွဲ၊ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ကွမ်းသီးကောက်ပြိုင်ပွဲ၊ချောတိုင်တက်ပြိုင်ပွဲနှင့်မုန့်စားပြိုင်ပွဲစသည့်ကစားနည်းများ

ကိုကျင်းပခဲ့ရာ အားကစားဝါသနာရှင်များနှင့် ကျောင်းသား၊ကျောင်းသူများကပျော်ရွှင်စွာပါဝင်ကစားခဲ့ကြပြီးပြိုင်ပွဲများတွင်ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကဆုများအသီးသီးချီမြှင့်ခဲ့ကြကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)