MNP - ဇန်နဝါရီ ၁၅
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ပညာရေးဝန်ထမ်းဟောင်းများ နာရေးကူညီမှုအသင်းနှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကို ယနေ့ နေ့လယ်က အထကပေါင် ရွှေရတုခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အသင်း နာယက ဆရာကြီး ဦးခင်ကြွယ်က အဖွင့်အမှာစကားပြောကြားပြီး သဘာပတိ ဆရာကြီးက ယခုလိုအစည်းအဝေးကျင်းပခြင်းဟာအလွန်မွန်မြတ်သောစိတ်ထားဖြင့်ပါဝင်ဆောင်ရွက်ကြတာကိုတွေ့ရလို့ ဝမ်းသာပိတိဖြစ်ရပါကြောင်း ယခုအသင်းရှိနေသည်မှာနောင်မပျက်စီးအောင်ထိန်းသိမ်းကြဖို့အသင်းသားအားလုံးမှာတာဝန်ကိုယ်စီရှိကြကြောင်းပြောကြားသည်။
ထို့နောက်အသင်းသားများက တစ်နှစ်တာသုံးစွဲထားရှိသည့် သုံးစွဲငွေများ၊လက်ကျန်ငွေများကို အသေးစိတ်ရှင်းလင်းခဲ့ကြသည်။
အခမ်းအနားကို မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးနှင့် ဆရာ၊ဆရာမများ၊အငြိမ်းစားကျောင်းဆရာ၊ဆရာမများစုစုပေါင်း (၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment