MNP - ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ မေမြို့ပန်းစိုက်တောင်သူများ ဝယ်ယူအားပေးသူ များပြားခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မေမြို့ပန်းဟုခေါ်သော Aster ပန်းအား ဘုရားပန်းလှူခြင်း၊ အလှူ၊ မင်္ဂလာဆောင်နှင့် ဧည့်ခံပွဲများ တွင် အများဆုံးအသုံးပြုလေ့ရှိကြပြီး အရောင်သွေးစုံလင်လှပမှုကြောင့် မြင်ရသူ၏စိတ်နှလုံးကို အေးချမ်းပျော်ရွှင်စေသည့် ပန်းမျိုးဖြစ်သည်။
မေမြို့ပန်းအား ပျိုးထောင်ရာတွင် ပျိုးဘောင်အမြင့်များ ပြုလုပ်၍ ရေမှန်မှန်လောင်းရပြီး ပျိုးသက် (၇)ပတ် ရရှိချိန်တွင် စိုက်ဘောင်များသို့ ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ စိုက်ဘောင်များကို နွားချေး၊ မြေဆွေးများထည့်ကာ ထယ်ထိုး သမရကြောင်း၊ တစ်ဧကလျှင် စိုက်ဘောင်စုစုပေါင်း (၄၈၀)ဘောင်ရရှိကြောင်း ပန်းပင်အကြီး(၃)ပင်ပါ တစ်စည်းလျှင် ငွေကျပ်(၁၀၀၀)ခန့် ရောင်းချရခြင်းကြောင့် မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူ ဦးစိုင်းအေး၏ ပြောကြားချက်အရ သိရသည်။
မြင့်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment