ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်




MNP  -  ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများကို ယမန်နေ့ည ၆ နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာ၊ ချင်းကုန်းကျေးရွာ၊ လွယ်အွန့်ကျေးရွာအုပ်စုမှ ထီကတူးကျေးရွာ၊ ထီဗွာကျေးရွာ၊ စခွီကျေးရွာ၊ ရန်ကင်းကျေးရွာနှင့် ဝါးဆို့ကျေးရွာရှိ အသက်(၁၅)နှစ်နှင့်အထက် သက်ကြီးစာမတတ်သူများကို အခြေခံပညာစာတတ်မြောက်ရေးသင်တန်း စတင်ဖွင့်လှစ် သင်ကြားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထို့သို့ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ လူမှုဘဝမြင့်မားရေးအတွက် အခြေခံစာတတ်မြောက်ရေးနှင့် တာဝန်သိ နိုင်ငံသားကောင်းဆိုင်ရာ အခြေခံအသိပညာပေးလုပ်ငန်းကို ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဦစီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၏ ပူပေါင်းပါဝင်မှုဖြင့် ဒေသအလိုက် စာတတ်မြောက်မှုနှုန်း၊ တိုးတက်ရေးနှင့် လူမှုဘဝမြင့်မားစေရေး၊ သင်ယူသူများသည် အခြေခံစာတတ်မြောက်မှု စွမ်းရည်သာမက နိုင်ငံသားကောင်း အခြေခံအလေ့အကျင့်များ ပိုမိုရရှိလာနိုင်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ပညာရယူရန် ကိရိဘာတစ်ခုဖြစ်သော အရေးအဖတ်တို့အတွက် အခြေပြုသင်ကြားပေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လူမှုဘဝ မြင့်မား စေရေးအတွက် အသိပညာပေးခြင်းတို့ဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ရေး၊ ဒေသအတွင်းမှ အခြေခံပညာအထက်တန်းအဆင့်နှင့် အထက်ရှိ ဒေသခံစေတနာလုပ်အားပေးများ၊ ရပ်ရွာရှိ လူမှုရေးအသင်းအဖွဲ့များနှင့် အခြေခံပညာမှ ဆရာ/ဆရာမများတို့၏ လုပ်အားဖြင့် ဒေသအတွင်း အခြေခံ စာတတ်မြောက်မှုနှုန်းကို တိုးတက်လာနိုင်ရေးနှင့် လူမှုဘဝမြင့်မားလာရေးစသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပြီး ဆရာ၊ ဆရာမများက စာသင်ဝိုင်းနှင့် စာသင်သားတို့ကို စနစ်တကျ သင်ကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို ဇန်နဝါရီလ၂၂ရက်နေ့မှ မတ်လ(၂)ရက်နေ့အထိ ရက်(၄၀)ကြာ သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)