နန္ဒာအောင်မြေကျောင်း ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနိမလ၏ နှစ်သစ်မင်္ဂလာဆုတောင်းပတ္ထနာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နန္ဒာအောင်မြေကျောင်း ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနိမလ၏ နှစ်သစ်မင်္ဂလာဆုတောင်းပတ္ထနာ



MNP 

၂၀၂၂ ကုန်ဆုံး၍ ၂၀၂၃ခုနှစ် နှစ်သစ်မင်္ဂလာ နှစ်ဦးအခါသမယမှာ မြန်မာပြည်သူ ပြည်သားအားလုံး/ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ချမ်းမြေ့သာယာ ဝဖြိုးသောသုခမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။


သဗ္ဗပါပဿ အကရဏံ


ကုသလဿ ဥပသမ္ပဒါ


သစိတ္တပရိယောဒပနံ


ဧတံ ဗုဒ္ဓါနသာသနံ


၁။ သဗ္ဗပါပဿ အကရဏံ- မကောင်းသော အကုသိုလ်တရားတို့မှ ကင်းစင်သော မြန်မာနိုင်ငံ သူ၊ မြန်မာနိုင်ငံသားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများ ဖြစ်ကြပါစေ။


၂။ ကုသလဿဥပသမ္ပဒါ-ကောင်းသောကုသိုလ် တရားတို့နှင့် ပြည့်စုံသော မြန်မာနိုင်ငံသူ၊ မြန်မာ နိုင်ငံသားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများဖြစ်ကြ ပါစေ။


၃။ သစိတ္တပရိယောဒပနံ - ဖြူစင် မြင့်မြတ်သော စိတ်ထားတို့နှင့် ပြည့်စုံသော မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများ ဖြစ်ကြပါစေ။


၄။ ဧတံ ဗုဒ္ဓါနသာသနံ - လောက၌ အတုမရှိသော အသန့်ရှင်းဆုံးသော မြတ်ဗုဒ္ဓ၏ ဓမ္မဩဝါဒ အဆုံး အမအောက်၌ ကောင်းကျိုးများထွန်းတောက်သော မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများ ဖြစ်ကြပါစေ။


မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။


 ပြောပြုတွေးလျှင်၊ သတိယှဉ်၊ ဆင်ခြင်ဉာဏ်ရှေ့သွား။


အရာရာတွင် အသုံးဝင် အောင်မြင်ကြောင်းတရား


ဟူ၍ မြတ်ဗုဒ္ဓ၏ တရားတော်အတိုင်း ပွားများအားထုတ်နိုင်ကြပါစေဟု ဆုတောင်းပတ္ထနာ ပြုလိုက်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)