မက်မန်းမြို့တွင် စာဖတ်ရှိန်မြင့်မားရေး စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့တွင် စာဖတ်ရှိန်မြင့်မားရေး စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး


MNP  -   ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် စာဖတ်ရှိန်မြင့်မားလာစေရေး၊ စာပေဗဟုသုတကြွယ်ဝစေရေး၊ စာပေချစ်သူများ အဆင်ပြေ စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အထက-မက်မန်းရှိ ကျောင်းသား၊ ကျောင်းသူများထံသို့ စာအုပ်၊ စာစောင်များ သွားရောက် ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ စာပေဗိမာန်စာမူဆုရ စာအုပ်များ၊ စာစီစာကုံးစာအုပ်များ၊ ကျန်းမာရေးစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ စိတ်ခွန်အားကို မြှင့်တင်ပေးသည့် စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ရုပ်ပြစာအုပ်များကို ငှားရမ်းပေးခြင်း ဖြစ်သည်။ စာပေဖတ်ရှု လေ့လာချင်သော်လည်း ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ အကြောင်း အမျိုးမျိုးကြောင့် စာအုပ်များ လာရောက်ငှားရမ်းဖတ်ရှုရန် အခက်အခဲရှိသူများ အဆင်ပြေစေရေးအတွက် စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ တစ်လလျှင်(၂)ကြိမ် သွားရောက်၍ ငှားရမ်းပေးလျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


ပန်းကျင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)